Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သေနတ်သုံးလက်၊ ကျည်တစ်ထောင်ဖြင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး KAထံ CDM ပြုလုပ်လာ

စစ်ကောင်စီ၏ လုပ်ရပ်များကို မကြိုက်နှစ်သက် တော့၍ ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ပူးပေါင်းလာခြင်းဟု CDM စစ်ကောင်စီ တပ်သားများက ဆိုသည်။

သေနတ်သုံးလက်၊ ကျည်တစ်ထောင်ဖြင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး KAထံ CDM ပြုလုပ်လာ
သေနတ်သုံးလက်၊ ကျည်တစ်ထောင်ဖြင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး KAထံ CDM ပြုလုပ်လာ

သေနတ်သုံးလက်နှင့် ကျည်တစ်ထောင် အပါအဝင် တပ်မ(၆၆)လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး ကရင်နီတပ်မတော်(KA)ထံသို့ CDM ပြုလုပ်လာကြောင်း ဒေသခံသတင်းရင်းမြစ် ကန္တရဝတီတိုင်း(မ်)က ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၉ ရက်)က တပ်မ (၆၆) လက်အောက်ခံ ခလရ-၁၁ မှ တပ်သားသုံးဦး သည်MA 3 သေနတ် ၃လက် ၊ကျည်ဘောက် ၁၃ ခု ၊ကျည်ဆံ ၁,၀၀၀ နှင့် လက်ပစ်ဗုံး ၃လုံး အပါ အဝင် CDM ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လုပ်ရပ်များကို မကြိုက်နှစ်သက် တော့၍ ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ပူးပေါင်းလာခြင်းဟု CDM စစ်ကောင်စီ တပ်သားများက ဆိုသည်။

သေနတ်သုံးလက်၊ ကျည်တစ်ထောင်ဖြင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး KAထံ CDM ပြုလုပ်လာ
သေနတ်သုံးလက်၊ ကျည်တစ်ထောင်ဖြင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး KAထံ CDM ပြုလုပ်လာ

“အကြမ်းဖက် စစ်ကောင်စီတပ်မှ CDM ဝင်ရောက်လာတဲ့ တပ်သား သုံးယောက်ကို လက်ခံကြိုဆိုတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက် နှစ်သက်တော့ပဲ အခုလို အမှန်တရားတွေ အမြင်မှန်တွေရလာပြီး ပြည်သူ့ရင်ခွင်ထဲကို ဝင်ရောက်ပူးပေါင်းလာတာဟာ ဝမ်းမြောက်စွာ ကြိုဆိုပြီး ကျေးဇူးလည်းတင်တယ် “ဟု KA တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်ရှိစစ်ကောင်စီတပ် အတွင်း ကိုယ့်သဘောနှင့်ကိုဝင်ရောက်လာ​​ခြင်းမျိုးမဟုတ်ပဲ မတရားခြိမ်းခြောက်ခံရပြီး ဝင်ရောက်လာရသူ အများအပြားရှိနေကြောင်း CDM စစ်ကောင်စီတပ်သားများက အသိပေးသည်။

ထို့အပြင် အသက်ကြီးပိုင်းများနှင့် အသက်မပြည့်သေးသည့် ကလေးစစ်သားများကို ရှေ့တန်းစစ် မြေပြင်များသို့ အကြမ်းဖက်စစ်ကောင်စီက ပို့ဆောင်နေခြင်းလည်းရှိနေဟု ၎င်းတို့က ပြော သည်။

ကရင်နီပြည်နယ်​ရောက် တပ်မ(၆၆)တပ်ရင်းမှူးများထဲမှ တစ်ဦး​​သေ၊နှစ်ဦးဒဏ်ရာရ၊ တစ်ဦးတာဝန်မထမ်းလို​တော့၍ ဖွဲ့စည်းပုံပျက်သည်အထိအ​ခြေအ​နေဆိုး​နေဟု KAက ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ်ရောက် တပ်မ(၆၆)မှ တပ်ရင်းမှူး သုံးဦးသာကျန်ရှိပြီးတပ်ဖွဲ့စည်းပုံပျက်သည့်အထိ အခြေနေဆိုး​နေကြောင်း ကရင်နီတပ်မတော်(KA)က ယနေ့ ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသသို့စစ်ကူအဖြစ် တပ်ရင်း​ခြောက်ရင်းအား ဗိုလ်မှူးချုပ် အဆင့်ရှိ တပ်မ (၆၆)မှ တပ်မမှူးမျိုးမင်းက ဦးဆောင်လာခဲ့သည်ဟု ​ဖော်ပြထားသည်။

အဆိုပါ တပ်ရင်း​ခြောက်ရင်းနှင့် ဒေသခံစစ်​ကောင်စီတပ်အား ကရင်နီတပ်မတော်(KA)အပါအဝင် ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF)နှင့် PDF တပ်များက ခုခံတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ပြုလုပ်ခြင်း နှင့်အခြား စစ်ဗျူဟာ အဝဝကိုပြန်လည်ချေမူန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် ကရင်နီဒေသသို့ စစ်ထိုးလာသည့် တပ်မ (၆၆) လက်အောက်ခံတပ်များမှ အရှင်ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအပါအဝင် CDM ဝင်လာသည့် တပ်သားစုစုပေါင်း တပ်သား ၁၀၀ခန့်ရှိနေကြောင်း ကရင်နီပြည်သူ့ ရင်ခွင်က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။