Connect with us

Hi, what are you looking for?

သတင်း

သေနတ်သုံးလက်၊ ကျည်တစ်ထောင်ဖြင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး KAထံ CDM ပြုလုပ်လာ

စစ်ကောင်စီ၏ လုပ်ရပ်များကို မကြိုက်နှစ်သက် တော့၍ ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ပူးပေါင်းလာခြင်းဟု CDM စစ်ကောင်စီ တပ်သားများက ဆိုသည်။

သေနတ်သုံးလက်၊ ကျည်တစ်ထောင်ဖြင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး KAထံ CDM ပြုလုပ်လာ
သေနတ်သုံးလက်၊ ကျည်တစ်ထောင်ဖြင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး KAထံ CDM ပြုလုပ်လာ

သေနတ်သုံးလက်နှင့် ကျည်တစ်ထောင် အပါအဝင် တပ်မ(၆၆)လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး ကရင်နီတပ်မတော်(KA)ထံသို့ CDM ပြုလုပ်လာကြောင်း ဒေသခံသတင်းရင်းမြစ် ကန္တရဝတီတိုင်း(မ်)က ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၉ ရက်)က တပ်မ (၆၆) လက်အောက်ခံ ခလရ-၁၁ မှ တပ်သားသုံးဦး သည်MA 3 သေနတ် ၃လက် ၊ကျည်ဘောက် ၁၃ ခု ၊ကျည်ဆံ ၁,၀၀၀ နှင့် လက်ပစ်ဗုံး ၃လုံး အပါ အဝင် CDM ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လုပ်ရပ်များကို မကြိုက်နှစ်သက် တော့၍ ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ပူးပေါင်းလာခြင်းဟု CDM စစ်ကောင်စီ တပ်သားများက ဆိုသည်။

သေနတ်သုံးလက်၊ ကျည်တစ်ထောင်ဖြင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး KAထံ CDM ပြုလုပ်လာ
သေနတ်သုံးလက်၊ ကျည်တစ်ထောင်ဖြင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး KAထံ CDM ပြုလုပ်လာ

“အကြမ်းဖက် စစ်ကောင်စီတပ်မှ CDM ဝင်ရောက်လာတဲ့ တပ်သား သုံးယောက်ကို လက်ခံကြိုဆိုတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက် နှစ်သက်တော့ပဲ အခုလို အမှန်တရားတွေ အမြင်မှန်တွေရလာပြီး ပြည်သူ့ရင်ခွင်ထဲကို ဝင်ရောက်ပူးပေါင်းလာတာဟာ ဝမ်းမြောက်စွာ ကြိုဆိုပြီး ကျေးဇူးလည်းတင်တယ် “ဟု KA တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်ရှိစစ်ကောင်စီတပ် အတွင်း ကိုယ့်သဘောနှင့်ကိုဝင်ရောက်လာ​​ခြင်းမျိုးမဟုတ်ပဲ မတရားခြိမ်းခြောက်ခံရပြီး ဝင်ရောက်လာရသူ အများအပြားရှိနေကြောင်း CDM စစ်ကောင်စီတပ်သားများက အသိပေးသည်။

ထို့အပြင် အသက်ကြီးပိုင်းများနှင့် အသက်မပြည့်သေးသည့် ကလေးစစ်သားများကို ရှေ့တန်းစစ် မြေပြင်များသို့ အကြမ်းဖက်စစ်ကောင်စီက ပို့ဆောင်နေခြင်းလည်းရှိနေဟု ၎င်းတို့က ပြော သည်။

ကရင်နီပြည်နယ်​ရောက် တပ်မ(၆၆)တပ်ရင်းမှူးများထဲမှ တစ်ဦး​​သေ၊နှစ်ဦးဒဏ်ရာရ၊ တစ်ဦးတာဝန်မထမ်းလို​တော့၍ ဖွဲ့စည်းပုံပျက်သည်အထိအ​ခြေအ​နေဆိုး​နေဟု KAက ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ်ရောက် တပ်မ(၆၆)မှ တပ်ရင်းမှူး သုံးဦးသာကျန်ရှိပြီးတပ်ဖွဲ့စည်းပုံပျက်သည့်အထိ အခြေနေဆိုး​နေကြောင်း ကရင်နီတပ်မတော်(KA)က ယနေ့ ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသသို့စစ်ကူအဖြစ် တပ်ရင်း​ခြောက်ရင်းအား ဗိုလ်မှူးချုပ် အဆင့်ရှိ တပ်မ (၆၆)မှ တပ်မမှူးမျိုးမင်းက ဦးဆောင်လာခဲ့သည်ဟု ​ဖော်ပြထားသည်။

အဆိုပါ တပ်ရင်း​ခြောက်ရင်းနှင့် ဒေသခံစစ်​ကောင်စီတပ်အား ကရင်နီတပ်မတော်(KA)အပါအဝင် ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF)နှင့် PDF တပ်များက ခုခံတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ပြုလုပ်ခြင်း နှင့်အခြား စစ်ဗျူဟာ အဝဝကိုပြန်လည်ချေမူန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် ကရင်နီဒေသသို့ စစ်ထိုးလာသည့် တပ်မ (၆၆) လက်အောက်ခံတပ်များမှ အရှင်ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအပါအဝင် CDM ဝင်လာသည့် တပ်သားစုစုပေါင်း တပ်သား ၁၀၀ခန့်ရှိနေကြောင်း ကရင်နီပြည်သူ့ ရင်ခွင်က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။