Connect with us

Hi, what are you looking for?

သတင်း

ဈေးကွက်ပေါက်ဈေး အွန်လိုင်းမတင်ဖို့ ရွှေဆိုင်တွေကို စစ်ကောင်စီဖိအားပေး

ဒီလို ရွေဆိုင်တွေကို ဖိအားပေးလာတဲ့အချိန်ဟာ ရွှေဈေးကျဖို့ စစ်ကောင်စီ က ရန်ကုန်နဲ့မန္တလေးမှာ ရွှေအသင်းတွေကတဆင့် ရွှေရောင်းချခိုင်းထားတဲ့အချိန်လည်းဖြစ်ပါတယ်။

ဈေးကွက်ပေါက်ဈေး အွန်လိုင်းမတင်ဖို့ ရွှေဆိုင်တွေကို စစ်ကောင်စီဖိအားပေး
ဈေးကွက်ပေါက်ဈေး အွန်လိုင်းမတင်ဖို့ ရွှေဆိုင်တွေကို စစ်ကောင်စီဖိအားပေး

ရွှေဈေးကျဖို့ လုံးပမ်းနေတဲ့ စစ်ကောင်စီဟာ ရွှေဆိုင်တွေကို ဆိုင်ရဲ့ လူမှုကွန်ရက်တွေမှာ ဈေးကွက်ပေါက်ဈေးမဖော်ပြဖို့ဖိအားပေးလာတာတွေ့ရှိတယ်လို့ စုံစမ်းသိရပါတယ်။

ရန်ကုန်မြို့က နာမည်ကြီးရွှေဆိုင်အချို့ကလည်း ဒီရက်ပိုင်း အခြေအနေအခက်အခဲ အချို့ကြောင့် အရင်လို ရွှေ ဈေးနှုန်း အချိန်နဲ့တပြေးညီ မဖော်ပြနိုင်တာကို သည်းခံပေးကြဖို့ ပြီးခဲ့တဲ့ နာရီပိုင်းက တောင်းပန်လာကြတာတွေ့ရပါတယ်။

ရွှေဈေးနှုန်းကို အရင်ကလို မဖော်ပြနိုင်တဲ့အကြောင်းရင်းကိုတော့ မပြောထားကြပါဘူး။

ဒီလို ရွေဆိုင်တွေကို ဖိအားပေးလာတဲ့အချိန်ဟာ ရွှေဈေးကျဖို့ စစ်ကောင်စီ က ရန်ကုန်နဲ့မန္တလေးမှာ ရွှေအသင်းတွေကတဆင့် ရွှေရောင်းချခိုင်းထားတဲ့အချိန်လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်နဲ့မန္တလေးမှာ ရွှေလုပ်ငန်းရှင်အသင်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစတင်ပြီး လူတစ်ဦးကို ၁၀ ကျပ်သားအထိ စတင်ရောင်းချပေးလာပါတယ်။

ဒါပေမယ့် ဈေးနှုန်းကတော့ အဲဒီ ရွှေအသင်းတွေကိုယ်တိုင် သတ်မှတ်ကြေညာထားတဲ့ ကျပ်သိန်း ၂၀ အောက်ဝန်းကျင်ဈေးနှုန်းမဟုတ်ဘဲ တစ်ကျပ်သား ၂၅ သိန်းကျပ်ဝန်းကျင်နဲ့ ရောင်းချတာတွေ့ရပါတယ်။

ရွှေအသင်းဆီကနေ ရွှေ ၁၀ ကျပ်သား ဝယ်တဲ့အခါ ကျပ်သိန်း ၂၀၀ ကျော်တဲ့အတွက် ဘဏ်ကိုငွေသွင်းပြီးမှ ဝယ်ယူခွင့်ရတယ်လို့ သွားရောက်ဝယ်ယူခဲ့သူတစ်ဦးဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်ရဲ့ စီးပွားရေးဟာ ဆုတ်ယုတ်သွားပြီး ကျပ်ငွေ တန်ဖိုးကျဆင်းသွားတာနဲ့အတူ ရွှေ ဈေး နဲ့ ဒေါ်လာဈေးဟာ စံချိန်အထပ်ထပ်ချိုးပြီး မြင့်တက်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်