Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာနယ်မြေတွေထဲ ရွာများကို လေကြောင်းတိုက်ခိုက်ပြီး ကျေးရွာတစ်ရွာမီးရှို့ခံရ

ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နေ့လည်တစ်နာရီခွဲအချိန်ကစပြီး ကျေးရွာကို မီးစရှို့ကာ ဘုန်းကြီးတစ်ပါးအပါအဝင် ကျေးရွာသားတချို့ကို ဖမ်းဆီးခဲ့သည်ဟု ကျိုက်ထိုနယ်မြေသတင်းများကိုဖော်ပြနေသည့် Kyaikhto Information Team က ရေသားထားသည်။

KNU တပ်မဟာနယ်မြေတွေထဲ ရွာများကို လေကြောင်းတိုက်ခိုက်ပြီး ကျေးရွာတစ်ရွာမီးရှို့ခံရ
KNU တပ်မဟာနယ်မြေတွေထဲ ရွာများကို လေကြောင်းတိုက်ခိုက်ပြီး ကျေးရွာတစ်ရွာမီးရှို့ခံရ

KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်နှင့် တပ်မဟာ(၁) ဒူးသထူခရိုင်တို့တွင် စစ်ကောင်စီတပ်က ကျေးရွာများကို လေကြောင်းတိုက်ခိုက်ပြီး ရွာတစ်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု တော်လှန်ရေအင်အားစုအဖွဲ့ထံက သိရသည်။

ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နေ့လည်တစ်နာရီခွဲအချိန်ကစပြီး ကျေးရွာကို မီးစရှို့ကာ ဘုန်းကြီးတစ်ပါးအပါအဝင် ကျေးရွာသားတချို့ကို ဖမ်းဆီးခဲ့သည်ဟု ကျိုက်ထိုနယ်မြေသတင်းများကိုဖော်ပြနေသည့် Kyaikhto Information Team က ရေသားထားသည်။

Public Service Announcement
Public Service Announcement

ကျိုက်ထိုမြို့နယ်ထဲတွင် ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က KNU ထိန်းချုပ်နယ်မြေထဲကို စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားနေသည့်အတွက် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းထိုးရာကျေးရွာတစ်လျှောက် မွှေနှောက်ရှာဖွေခြင်း၊ ရွာသားများအားဖမ်းဆီးခြင်း၊ အိုးအိမ်များအားလည်း ဖျက်ဆီးခြင်းများလုပ်ဆောင်သွားခဲ့ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ(၁၀)ရွာထက်မနည်း ဒေသခံပြည်သူထောင်ချီ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲတွင် စစ်ကောင်စီတပ်က လေယာဉ်များနှင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ်ဆောင်သွားခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။

Public Service Announcement

Public Service Announcement

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၆)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ တိုက်ပွဲဖြစ်စဉ်နောက်ပိုင်း ထိုဒေသထဲတွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook