Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကြိုးစားနေသည့် ၂၀၂၃ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာမရှိဟု KNU ပြော

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက်မရှိအောင်လုပ်ရန် အောက်တိုဘာ ၁၁ ရက်က ကျင်းပခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။

"နိုင်ငံရေးအရ ထွက်ပေါက် လုံး၀မရှိနိုင်ဘူး” - ပဒိုစောတောနီး
"နိုင်ငံရေးအရ ထွက်ပေါက် လုံး၀မရှိနိုင်ဘူး” - ပဒိုစောတောနီး

“နိုင်ငံရေးအရ ထွက်ပေါက် လုံး၀မရှိနိုင်ဘူး” – ပဒိုစောတောနီး

စစ်ကောင်စီအနေဖြင့် နိုင်ငံရေးထွက်ပေါက်အတွက် လာမယ့် ၂၀၂၃၌ ရွေးကောက်ပွဲကျင်းပရန် ကြိုးစားနေသော်လည်း လက်ရှိအခြေအနေများအရ ရွေးကောက်ပွဲဖြစ်လာနိုင်စရာမရှိကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင် ဖြုတ်ချရေး အဆုံးအဖြတ်တိုက်ပွဲကာလကို တစ်နှစ်သတ်မှတ်ကြောင်းကြေညာခဲ့ခြင်း၊ လက်ရှိစစ်ရေး နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး KNU ၏ သဘောထားကို မေးမြန်းရာ၌ ပဒိုစောတောနီးက People’s Spring သို့ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီအခြေအနေမှာ ဒါ(ရွေးကောက်ပွဲ)က ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလေ။ ဒါကသူ့ထွက်ပေါက် သူက တစ်ယောက်ရရ နှစ်ယောက်ရရ ဆွဲပြီးလုပ်သွားမယ့်အပိုင်းရှိတယ်။ ဒါပေမဲ့ သူ့ရလာမယ့်ရလဒ်က သိပ်အခြေအနေမမှန်ဘူးဆိုတာ ရှင်းနေတာပဲ။ တိုင်းပြည်က လုံး၀မတည်မငြိမ် ဖြစ်နေတဲ့အခါမှာ ရွေးကောက်ပွဲတစ်ခု ဖြစ်လာဖို့ ဆိုတာ တိုင်းပြည်ရဲ့ အနေအထားက တည်ငြိမ်ဖို့လိုတယ်။ မဲရုံစောင့်တဲ့ သူတွေကအစ ထည့်တွက်ရမယ့်ဟာတွေဖြစ်တယ်။ ဒါပေမဲ့ သူက ဇွတ်တရွတ် လျှောက်လုပ်ပြီဆိုရင်တော့ ဒါကတော့ သူ့နောက် ဆက်တွဲ ပြဿနာ သူတာဝန်ခံရမယ်လေ။ ဒါတွေက မဖြစ်သင့်တဲ့ဟာ။ အဲဒါကြောင့် မို့လို့ ကျွန်တော်တို့ ပြောနေတာ ဒါလုံး၀ မဖြစ်နိုင်ဘူး”ဟု ပဒိုစောတောနီးက ပြောသည်။

တစ်ဖက်တွင်လည်း ပြည်သူလူထုက စစ်ကောင်စီကြိုးစားနေသည့် ရွေးကောက်ပွဲအပေါ် လုံး၀ ဆန့်ကျင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် မရရသည့်နည်းဖြင့် နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲလုပ်ပါကလည်း ရလဒ်ကောင်းလာနိုင်စရာမရှိဟု ပဒိုစောတောနီးက ပြောသည်။

“နိုင်ငံတကာကလည်း ဘယ်သူမှ အသိအမှတ်ပြုလာနိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်တယ်။ အဲဒီအပေါ်မှာ နိုင်ငံရေး အရ ထွက်ပေါက် လုံး၀မရှိနိုင်ဘူးလို့ ကျွန်တော်တို့ မြင်တယ်”ဟု ပဒိုစောတောနီးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက်မရှိအောင်လုပ်ရန် အောက်တိုဘာ ၁၁ ရက်က ကျင်းပခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။

“၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းလိုက်ပြီးကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်သွားပြီဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။ စစ်ကောင်စီအနေဖြင့် တရားဝင်မှု မရှိသကဲ့သို့ နိုင်ငံတကာ နှင့် ပြည်သူလူထုကလည်း အသိအမှတ်မပြုကြောင်း၊ တရားမဝင် စစ်ကောင်စီ အနေဖြင့် ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မည်သည့် လုပ်ပိုင်ခွင့်မှမရှိကြောင်း ပဒိုစောတောနီးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို