Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော် – မိုးဗြဲလမ်းမကြီးတစ်လျှောက် စစ်ရေးပြင်းထန်နိုင်၍ ခရီးလမ်းသွားလာခြင်း လုံးဝမပြုလုပ်ရန် KNDF သတိပေး

“စစ်ရေးအရတော့ ကရင်နီဒေသမှာ အရေးပါတဲ့ မိုးဗြဲနဲ့ လွိုင်ကော်ကို စကစဘက်က အလုံးစုံထိန်းနိုင်ဖို့ လုပ်နေတယ်လို့ ပြောလို့ရတယ်။ လောလောဆယ်အခြေအနေအရလည်း နှစ်ဖက်ထိတွေ့မှု ကရှိဖို့များတယ်”ဟု ၎င်းက ပြောသည်။

လွိုင်ကော် - မိုးဗြဲလမ်းမကြီးတစ်လျှောက် စစ်ရေးပြင်းထန်နိုင်၍ ခရီးလမ်းသွားလာခြင်း လုံးဝမပြုလုပ်ရန် KNDF သတိပေး
လွိုင်ကော် - မိုးဗြဲလမ်းမကြီးတစ်လျှောက် စစ်ရေးပြင်းထန်နိုင်၍ ခရီးလမ်းသွားလာခြင်း လုံးဝမပြုလုပ်ရန် KNDF သတိပေး

လွိုင်ကော် – မိုးဗြဲလမ်းမကြီးတစ်လျှောက် စစ်ရေးပြင်းထန်မှုများအချိန်မရွေးဖြစ်ပေါ်လာနိုင်၍ ပြည်သူများ ခရီးလမ်းသွားလာခြင်းများလုံးဝမပြုလုပ်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၂က ထုတ်ပြန်သည်။

အသိပေးတားမြစ်ချက်အဖြစ် ယနေ့(အောက်တိုဘာ ၁၉ ရက်)ညနေပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လွိုင်ကော် – မိုးဗြဲလမ်းမကြီး နှင့်ဆက်စပ်သည့် နွားလဝိုးရွာကို ထိန်းချုပ်ထားပြီး လွိုင်ကော်အမြှောက်တပ်မှ ယခုရက်ပိုင်းအတွင်းနေ့စဥ် လက်နက်ကြီးများ အသုံးပြုပစ်ခတ်မှုများရှိနေကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF

“စစ်ရေးအရတော့ ကရင်နီဒေသမှာ အရေးပါတဲ့ မိုးဗြဲနဲ့ လွိုင်ကော်ကို စကစဘက်က အလုံးစုံထိန်းနိုင်ဖို့ လုပ်နေတယ်လို့ ပြောလို့ရတယ်။ လောလောဆယ်အခြေအနေအရလည်း နှစ်ဖက်ထိတွေ့မှု ကရှိဖို့များတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် အောက်တိုဘာ ၁၅ရက်အထိ တစ်လတာအတွင်း လွိုင်ကော်မြို့ နှင့်ဆက်စပ်နေသော ဒေသများ၌ တိုက်ပွဲ ၁၀ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ဦးထက်မနည်းသေဆုံးကြောင်း KNDF တပ်ရင်း – ၂ က ထုတ်ပြန်ထားသည်။

အလားတူ အဆိုပါတိုက်ပွဲများ၌ KNDF တပ်ရင်း -၂ မှ ရဲဘော်နှစ်ဦးအပါအဝင် ရဲဘော်သုံးဦးကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။