Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော် – မိုးဗြဲလမ်းမကြီးတစ်လျှောက် စစ်ရေးပြင်းထန်နိုင်၍ ခရီးလမ်းသွားလာခြင်း လုံးဝမပြုလုပ်ရန် KNDF သတိပေး

“စစ်ရေးအရတော့ ကရင်နီဒေသမှာ အရေးပါတဲ့ မိုးဗြဲနဲ့ လွိုင်ကော်ကို စကစဘက်က အလုံးစုံထိန်းနိုင်ဖို့ လုပ်နေတယ်လို့ ပြောလို့ရတယ်။ လောလောဆယ်အခြေအနေအရလည်း နှစ်ဖက်ထိတွေ့မှု ကရှိဖို့များတယ်”ဟု ၎င်းက ပြောသည်။

လွိုင်ကော် - မိုးဗြဲလမ်းမကြီးတစ်လျှောက် စစ်ရေးပြင်းထန်နိုင်၍ ခရီးလမ်းသွားလာခြင်း လုံးဝမပြုလုပ်ရန် KNDF သတိပေး
လွိုင်ကော် - မိုးဗြဲလမ်းမကြီးတစ်လျှောက် စစ်ရေးပြင်းထန်နိုင်၍ ခရီးလမ်းသွားလာခြင်း လုံးဝမပြုလုပ်ရန် KNDF သတိပေး

လွိုင်ကော် – မိုးဗြဲလမ်းမကြီးတစ်လျှောက် စစ်ရေးပြင်းထန်မှုများအချိန်မရွေးဖြစ်ပေါ်လာနိုင်၍ ပြည်သူများ ခရီးလမ်းသွားလာခြင်းများလုံးဝမပြုလုပ်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၂က ထုတ်ပြန်သည်။

အသိပေးတားမြစ်ချက်အဖြစ် ယနေ့(အောက်တိုဘာ ၁၉ ရက်)ညနေပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လွိုင်ကော် – မိုးဗြဲလမ်းမကြီး နှင့်ဆက်စပ်သည့် နွားလဝိုးရွာကို ထိန်းချုပ်ထားပြီး လွိုင်ကော်အမြှောက်တပ်မှ ယခုရက်ပိုင်းအတွင်းနေ့စဥ် လက်နက်ကြီးများ အသုံးပြုပစ်ခတ်မှုများရှိနေကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF

“စစ်ရေးအရတော့ ကရင်နီဒေသမှာ အရေးပါတဲ့ မိုးဗြဲနဲ့ လွိုင်ကော်ကို စကစဘက်က အလုံးစုံထိန်းနိုင်ဖို့ လုပ်နေတယ်လို့ ပြောလို့ရတယ်။ လောလောဆယ်အခြေအနေအရလည်း နှစ်ဖက်ထိတွေ့မှု ကရှိဖို့များတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် အောက်တိုဘာ ၁၅ရက်အထိ တစ်လတာအတွင်း လွိုင်ကော်မြို့ နှင့်ဆက်စပ်နေသော ဒေသများ၌ တိုက်ပွဲ ၁၀ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ဦးထက်မနည်းသေဆုံးကြောင်း KNDF တပ်ရင်း – ၂ က ထုတ်ပြန်ထားသည်။

အလားတူ အဆိုပါတိုက်ပွဲများ၌ KNDF တပ်ရင်း -၂ မှ ရဲဘော်နှစ်ဦးအပါအဝင် ရဲဘော်သုံးဦးကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook