Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့နယ် တစ်လတာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၁၅ ဦးထက်မနည်းသေဟု KNDF ထုတ်ပြန်

စက်တင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီတပ်စွဲထားသော ကယန်းသာယာလမ်းခွဲတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ပူးပေါင်းတပ်မှ သုံးဦးဒဏ်ရာရရှိခဲ့သည်။

(တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာ ကွယ် ရေးတပ်၏ ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာ ကွယ် ရေးတပ်၏ ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

လွိုင်ကော်မြို့နယ် တစ်လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၂က ယနေ့(အောက်တိုဘာ ၁၇ ရက်) ထုတ်ပြန်သည်။

လွိုင်ကော်မြို့ကိုအခြေပြု၍ စက်တင်ဘာ ၁၇ရက်ကစ၍ ယခုလ ၁၅ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF ၊ ညီညွတ်သောရှမ်းတောင်ဖယ်ဒရယ်တပ်ပေါင်းစု (USSFU)နှင့် လွိုင်ကော် PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဥ်များအရ စက်တင်ဘာ ၁၇ ရက်က မော်ချီးစု နှင့် ပဒါးညေးကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ် ပေါင်းစု ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ တပ်ပေါင်းစုမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြသည်။

စက်တင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီတပ်စွဲထားသော ကယန်းသာယာလမ်းခွဲတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ပူးပေါင်းတပ်မှ သုံးဦးဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ကယန်းသာယာလမ်းခွဲ၌ပင် စက်တင် ဘာ ၂၇ ရက်က Sniper mission ပြုလုပ်ခဲ့ရာစစ်ကောင်စီတပ်သား သုံးဦးသေဆုံးသည်ဟု ဆိုသည်။

ယခုလ ၃ရက်က မော်ချီးစုကျေးရွာအနီး တိုက်ပွဲတွင် လည်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း အသိပေးသည်။

နန်းကွတ်ရေစီးကွေ့အနီး အောက်တိုဘာ ၇ရက်က စစ်ကောင်စီကင်းလှည့်အဖွဲ့နှင့် ထိပ်တိုက်ထိတွေ့မှုတွင် စစ်ကောင်စီတပ်သားသုံးဦး သေဆုံးခဲ့ကြောင်းလည်း KNDF တပ်ရင်း -၂က ပြောသည်။

Public Service Announcement
Public Service Announcement

အောက်တိုဘာ ၉ ရက်က ပွန်ချောင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို ကရင်နီတပ်ပေါင်းစုမှ သွားရောက်ပစ်ခတ်ရာ ထိခိုက်မှုမရှိခဲ့ပေ။

အလားတူ နွားလဝိုးနယ်မြေတွင်တပ်ဆွဲထားသော စစ်ကောင်စီတပ်နှင့် တပ်ပေါင်းစုတို့ ယခုလ ၁၄ ရက် က တိုက်ပွဲတွင် KNDF တပ်ရင်း -၂မှ ရဲဘော် သုံးဦးဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးကျဆုံးခဲ့ရသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေအဆုံးများရှိခဲ့သော်လည်း အတည်မပြုနိုင်သေးပေ။

အောက်တိုဘာ ၁၅ ရက်ကလည်း မိုးဗြဲမြို့ဘက်မှ ဝါရီကောခူဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုများထိတွေ့မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးပြီး ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း ဖော်ပြထားသည်။

“လွိုင်ကော်ကနေ စကစက နေ့တိုင်းလက် နက်ကြီးနဲ့ နေ့တိုင်း ပစ်နေတာ။လမ်းရှင်းနိုင်တာ ဖြစ် နိုင်သလို ရမ်းသမ်းထုတာလည်း ပါတယ်။ဒါပေမယ့် လွိုင်ကော်မှာ အရင်လပိုင်းတွေကထက် တိုက်ပွဲပိုစိတ် လာတယ်။မနေ့ကလည်း မိုးဗြဲ- လွိုင်ကော် အစပ်က ဆောင်ကန်းလမ်းခွဲ တိုက်ပွဲ မှာလည်း စစ်ကောင်စီတပ်က အထိနာခဲ့တယ်” ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ကရင်နီဒေသအတွင်း နေ့စဥ်ထိတွေ့တိုက်ပွဲ များ ရှိနေပြီး အကြမ်းဖက်စစ်ကောင်စီက နယ်မြေစိုး မိုးရေးအသာစီးရယူရန် ပိုမိုကြိုးပမ်းလာနေ သည်ဟုလည်း ကရင်နီအခြေစိုက်တပ်ဖွဲ့များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။