Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင်ဒုဗိုလ်မှူးကြီးတစ်ဦးနှင့်အရာရှိတစ်ဦးကို PSDAကပစ်ခတ်ရှင်းလင်း

“နေ့လယ် ၁နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းတယ်။ ‌ညနေ ငါးနာရီခန့်မှာ သေသွားတယ်လို့ သတင်းရတယ်”ဟု -PSDA ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောသည်။

(​မူဆယ် ၁၀၅ မိုင်တွင်​သေဆုံးခဲ့​သော ဒုဗိုလ်မှုးကြီး ပြည့်ဖြိုးအောင်)
(​မူဆယ် ၁၀၅ မိုင်တွင်​သေဆုံးခဲ့​သော ဒုဗိုလ်မှုးကြီး ပြည့်ဖြိုးအောင်)

မူဆယ်တွင် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှုးကြီး ပြည့်ဖြိုးအောင်နှင့်အရာရှိတစ်ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ်‌ေမြာက်ပိုင်းပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ -PSDA ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ယမန်နေ့(အောက်တိုဘာလ ၁၈ရက်)ညနေက စစ်ကောင်စီ၏ တပ်မ(၉၉) လက်အောက် ခမရ (၄၂၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့်အတူ အရာရှိ တစ်ဦးအား မူဆယ်မြို့နယ်၊ ၁၀၅ မိုင်စီးပွားရေးဇုံနယ်မြေတွင်တိုက်ခိုက်ချေမှုန်းခဲ့သည်ဟုPSDAကယနေ့(အောက်တိုဘာ ၁၉ရက်)ညတွင် သတင်းထုတ်ပြန်သည်။

“နေ့လယ် ၁နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းတယ်။ ‌ညနေ ငါးနာရီခန့်မှာ သေသွားတယ်လို့ သတင်းရတယ်”ဟု -PSDA ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောသည်။

ဒုဗိုလ်မှုးကြီး ပြည့်ဖြိုးအောင်စီးလာသော ကားကို မူဆယ်နှင့် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်လမ်းမပေါ်တွင် လက်နက်ကိုင်လူတစ်စုကနှစ်ဖက်ညှပ်၍သေနတ်ဖြင့်ပစ်ခတ်ခြင်းဟု မျက်မြင်တွေ့သူများကပြောသည်။

Public Service Announcement

Public Service Announcement

” သူ့ကားကို ရှေ့ကနေ ကားနဲ့ပိတ်ရပ်လိုက်တယ်။ နောက်က ဆိုင်ကယ်တစ်စီးကပါ ပိတ်ပြီးရှေ့နောက်ညှပ်ပစ်တာ”ဟု ပစ်ခတ်မှုဖြစ်စဉ်ကိုမျက်မြင်တွေ့သူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်များအားလုံးကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ပြီး နှုတ်ထွက်ကြရန် PSDAက ထပ်မံသတိပေးသည်။

“စစ်ကောင်စီနဲ့ Non တွေကို ပြောချင်တာက ကျွန်တော်တို့ဟာ ခများတို့ရဲ့ အနီးနားမှာတင်ရှိနေတယ်။ တစ်ချက်လစ်ဟာတာနဲ့ ရှင်းလင်းမယ်ဆိုတာပဲ” ဟု PSDA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမ်းမြို့နယ်ရှိ အာရက္ခတပ်​တော်(AA)ရဲ့အကျ‌ဉ်းစခန်းကို စစ်ကောင်စီဗုံးကြဲမှုမှာ စစ်သုံ့ပန်းဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် အရာရှိအများအပြား​သေဆုံးခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းမှာ အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

ယောနသံ/People’s Spring လက်နက်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ပြီး သူရဲကောင်းတွေလို ဟစ်ကြွေးနေတဲ့ စစ်အုပ်စုဟာ အာရက္ခတပ်တော်(AA)ကိုတော့ အင်မတန်ကြောက်တယ်လို့ သတင်းကြီးပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ဒူးထောက်အညံ့ခံရတဲ့ ဗိုလ်မှူးချုပ်တွေ၊ ထောင်ချီတဲ့ စစ်သုံ့ပန်းတွေရဲ့ သွင်ပြင်တွေက စစ်အုပ်စုပုံရိပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင်အနေ နဲ့ AAကိုလက်နက်ချဖို့ စစ်သုံ့ပန်းဗိုလ်မှူးချုပ်တချို့က...

သတင်း

အာဏာသိမ်းစစ်တပ်အတွင်းအရာရှိများကအောက်ခြေစစ်သည် အခြား အဆင့်များကို ဖိနှိပ်မှုများ ၊ စစ်သည်များ၏ လစာရိက္ခာများကို ၎င်းတို့အကျိုးအတွက် အသုံးချမှုများစွာရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၌ ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများဖြစ်သည့် တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦးတို့က ထွက်ဆိုသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကျားဖြန့်လောင်းကစားရုံ ငွေတောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ဖမ်းဆီးရိုက်နှက်မှုဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့ခံများက ပြောသည်။