Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူ၌ စစ်ကောင်စီတပ်မိုင်းထိပြီး ခုနစ်ဦးသေ၊ ဖလံမရွာကို မီးတင်ရှို့၍ ရွာလုံးကျွတ်နီးပါးပြာကျ

အောက်တိုဘာ၁၉ ရက် ညတွင် စစ်ကောင်စီတပ် သည် ဖလံမရွာ၌ ညအိပ်ပြီး အောက်တိုဘာ ၂၀ ရက် နံနက်တွင် ဖလံမရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဖလံမရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-ဆိပ်ဖြူဘာမထီ၊ We Love Seikphyu
ဖလံမရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-ဆိပ်ဖြူဘာမထီ၊ We Love Seikphyu

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဖလံမကျေးရွာအနီးတွင် စစ်ကောင်စီတပ်မိုင်းထိပြီး တပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်းသေဆုံးသွားပြီး အဆိုပါရွာကို မီးတင်ရှို့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၉ ရက်က ကျွန်းချောင်းနှင့် ရွာသာကုန်းကြားမှ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ညနေ ၅ နာရီခွဲမှ ၆ နာရီကြားတွင် အိုင့်ကြီးကျေးရွာအရှေ့ဘက် ဆားမလာတောင်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင် ရောက်လာခဲ့သည်။

ဖလံမရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-ဆိပ်ဖြူဘာမထီ၊ We Love Seikphyu
ဖလံမရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-ဆိပ်ဖြူဘာမထီ၊ We Love Seikphyu

စစ်ကောင်စီတပ်သည် အိုင့်ကြီးရွာစာသင်ကျောင်းရှိ ဆရာမတစ်ဦး​၏ နေအိမ်နှင့် ကျေးရွာရှိနေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်သည် ည ၇နာရီခန့်တွင် အိုင့်ကြီးကျေးရွာမှ ဖလံမကျေးရွာသို့အသွား မိုင်တိုင်အမှတ် (၃၆)နှင့် (၃၇)ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးပြီး အများအပြားထိခိုက်နိုင်ကြောင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ၁၉ ရက် ညတွင် စစ်ကောင်စီတပ် သည် ဖလံမရွာ၌ ညအိပ်ပြီး အောက်တိုဘာ ၂၀ ရက် နံနက်တွင် ဖလံမရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။

အိမ်ခြေ ၅၀ ခန့်ရှိသော ဖလံမကျေးရွာသည် တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် စစ်ကြောင်းပြန်လည်ထွက်ခွာစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း လက်လုပ်မိုင်းများမအောင်သောကြောင့် စစ်ကောင်စီဘက်က အထိအခိုက်နည်းသွားကြောင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖလံမရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-ဆိပ်ဖြူဘာမထီ၊ We Love Seikphyu
ဖလံမရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-ဆိပ်ဖြူဘာမထီ၊ We Love Seikphyu

စစ်ကြောင်းရောက်လာနိုင်သည့် ရွာများအနေဖြင့် အဖိုးတန်ပစ္စည်းများကို လုံခြုံသည့်နေရာတွင် သိမ်းဆည်းထားကြရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် We Love Seik Phyu အဖွဲ့က သတိပေးသည်။

” ရွာသားတွေအတွက် ဒီလို အိမ်မျိုး တည်ဆောက်ဖို့ဆိုတာ နှစ်တွေအများကြီးကြိုးစားရတာပါ။ အပြစ်မဲ့ အကြောင်းမဲ့ အခုလို ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို ဖျက်စီး နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အမြန်ဆုံး အဆုံးသတ်ဖို့ ပြည်သူတွေက pdf ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဝိုင်း၀န်းထောက်ပံ့ဖို့ရာလိုအပ်ပါတယ်။”ဟု We Love Seik Phyu အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖလံမရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-ဆိပ်ဖြူဘာမထီ၊ We Love Seikphyu
ဖလံမရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ-ဆိပ်ဖြူဘာမထီ၊ We Love Seikphyu

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၉ ရက်ကလည်း အိုင်းကြီးကျေးရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

စစ်ကောင်စီတ​ပ် စစ်ကြောင်းထိုးဖျက်ဆီးမှုကြောင့် ရွှေစမ်းချောင်း ၊ အိုင့်ကြီး ၊ ဖလံမ ကျေးရွာများမှ ပြည်သူ၆၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook