Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (အောက်တိုဘာ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ကော့ကရိတ်မြို့တိုက်ခိုက်မှု ပြည်သူ့အုပ်ချုပ်ရေးတိုးချဲ့ဖို့ စတင်တဲ့ ထိုးစစ်ဟုKNUသတင်းရင်းမြစ်ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဒီနေ့မနက်ပိုင်းကစလို့ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတည်ရှိရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့ ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ ပူးပေါင်းတပ်ဖွဲ့မှ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ထွေအုပ်ရုံးအပါအဝင်ဌာနဆိုင်ရာ ရုံးတွေရှိတဲ့ စုပေါင်းရုံးအနီး တိုက်ပွဲဖြစ်ပွားနေခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲအသွင်ဆောင်ပြီး အဓိကရည်ရွယ်မချက်မှာ အုပ်ချုပ်ရေးနယ်မြေတိုးချဲ့ရေးဖြစ်တယ်လို့ KNU သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ နောက်ပိုင်းမှာ မကွေးတို့ မန္တလေးတို့ တစ်ပြည်လုံးအတိုင်းအတာ ရန်သူ့ရဲ့အုပ်ချုပ်ရေးယန္တရားကိုပျက်ပြယ်သွားဖို့ စတင်အကောင်အထည်ဖော်တာလို့လည်း သူက ဆက်ပြောပါတယ်။ ဒီနေ့ ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

(သေဆုံးနေသော စစ်ကောင်စီ​၏ ရဲတပ်သားအလောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - Supplied)
(သေဆုံးနေသော စစ်ကောင်စီ​၏ ရဲတပ်သားအလောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – Supplied)

▪︎စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကို ဖိတ်ကြားမှု NUG ကန့်ကွက်

ကမ္ဘာ့ရွေးကောက်ပွဲများဆိုင်ရာအဖွဲ့အစည်း (AWEB) ရဲ့ အထွေထွေညီလာခံ တက်ရောက်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ ဖိတ်ကြားမှုကို NUG အစိုးရက ကန့်ကွက်လိုက်ပါတယ်။ AWEB ရဲ့ညီလာခံကို အောက်တိုဘာလ ၁၉ ရက်ကစတင်ပြီး တောင်အာဖရိက နိုင်ငံမှာကျင်းပနေတာပါ။ အဲဒီညီလာခံကို တက်ရောက်ဖို့စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာအောက်တိုဘာလ ၁၆ ရက်က မြန်မာနိုင်ငံကနေထွက်ခွာသွားပါတယ်။ ဒီလို အာဏာသိမ်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ကို ဖိတ်ကြားချက်အပေါ် AWED ညီလာခံစတဲ့ ရက်မှာပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ AWED ထံစာရေးသားပေးပို့ပြီး ကန့်ကွက်ခဲ့ပါတယ်။ အဲဒီစာထဲမှာ စစ်ကောင်စီဟာ လူထုရွေးကောက်တင်မြှောက်တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အရပ်သားအစိုးရ ကို ဖြုတ်ချအာဏာသိမ်းတာဖြစ်ကြောင်း ၊ ပြည်တွင်းမှာလည်းလူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျုးလွန်နေတဲ့အဖွဲ့အစည်းဖြစ်ကြောင်းအသိပေးထားပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင် AWED မှာပါဝင်ပတ်သက်နေမှုကို ထုတ်ပယ်ပေးဖို့ NUG အစိုးရက တောင်းဆိုထားတာတွေ့ရပါတယ်။

▪︎စစ်တပ်က ကျောင်းဆရာတစ်ဦးအား ခေါင်းဖြတ်သတ်တဲ့ ဖြစ်စဥ်ကို နိုင်ငံတကာ ပြင်းထန်စွာတုံ့ပြန်ဖို့ အမေရိကန်တိုက်တွန်း

မကွေးတိုင်းမှာ ကျောင်းဆရာတစ်ဦး ရက်စက်စွာခေါင်းဖြတ်အသတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုက်အဝန်းက ပြင်းထန်စွာတုံ့ပြန်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာစစ်တပ်ဟာ ပညာတတ်များအပါအဝင် ပြည်သူလူထုအပေါ်ကျူးလွန်နေတဲ့ လူမဆန်စွာ သတ်ဖြတ်အကြမ်းဖက်မှုတွေကို နိုင်ငံတကာအသိုက်အဝန်းက ပြင်းထန်စွာ တုံ့ပြန်ဆောင်ရွက်သင့်တယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Ned Price က တွစ်တာလူမှုကွန်ရက်ကနေ ရေးသားတိုက်တွန်းခဲ့တာပါ။ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ ပျူစောထီးတွေဟာ အောက်တိုဘာ ၁၆ ရက်က မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ သစ်ညီနောင်ရွာနေ အသက် ၄၆ နှစ်အရွယ် CDM ကျောင်းဆရာ ဦးစောထွန်းမိုးကို ဦးခေါင်းနဲ့ ခြေလက်များကို အပိုင်းပိုင်းဖြတ်ကာသတ်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာဦးစောထွန်းမိုးကို ဦးခေါင်းကို တခြားကျေးရွာဖြစ်တဲ့ တောင်မြင့်ရွာရှိ အလယ်တန်းကျောင်းတံခါးမှာ လူမဆန်စွာချိတ်ဆွဲထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ကျောင်းဆရာတစ်ဦးအား ခေါင်းဖြတ် သတ်သည့်ဖြစ်စဥ်ကို နိုင်ငံတကာက ပြင်းထန်စွာတုံ့ပြန်ရန် အမေရိကန်တိုက်တွန်း
စစ်တပ်က ကျောင်းဆရာတစ်ဦးအား ခေါင်းဖြတ် သတ်သည့်ဖြစ်စဥ်ကို နိုင်ငံတကာက ပြင်းထန်စွာတုံ့ပြန်ရန် အမေရိကန်တိုက်တွန်း

▪︎စစ်တပ်ရဲ့ မီဒီယာဖိနှိပ်မှုနဲ့ သတင်းအမှားဖြန့်ဝေမှုများ အဆုံးသတ်ရေး ရန်ကုန်ရှိ UNIC အနီးကပ် ကြီးကြပ်ပေးဖို့ မြန်မာသံအမတ်ကြီးတောင်းဆို

စစ်တပ်ရဲ့ နိုင်ငံအတွင်း မီဒီယာဖိနှိပ်မှုတွေကို ဖော်ထုတ်ပေးရေး၊ စစ်တပ်ပိုင်သတင်းဌာနတွေကနေ သတင်းမှားများဖြန့်ဝေမှုများ အဆုံးသတ်ရေး ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ သတင်းအချက်အလက် စင်တာ(UNIC)က အနီးကပ်ကြီးကြပ်ပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုပါတယ်။ မြန်မာစစ်တပ်က သတင်းသမားများကို မတရားဖမ်းဆီးနှိပ်စက်ကာ သူတို့ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့ ကြိုးပမ်းမှုနဲ့ သတင်းမှားဖြန့်ဝေမှုတွေကို နိုင်ငံတကာမှဖော်ထုတ်ပေးဖို့၊ သတင်းသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်စေဖို့နဲ့ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုရှိတဲ့ မီဒီယာကဏ္ဍပြန်လည်ရရှိစေရေးအတွက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ရရှိနိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂညီလာခံမှာ မနေ့က တောင်းဆိုပါတယ်။ နောက်ပြီး စစ်တပ်ဟာ သူတို့စတင်ခဲ့တဲ့ပြဿနာရပ်တွေကို အဆုံးသတ်ဖို့ ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီပြန်လည်ရရှိရေးကို နိုင်ငံတကာအသိုက်အဝန်းမှ ကူညီဆောင်ရွက်ပေးဖို့လည်း သံအမတ်ကြီးက မေတ္တာရပ်ခံခဲ့ပါတယ်။

စစ်တပ်၏ မီဒီယာဖိနှိပ်မှုနှင့် သတင်းအမှားများဖြန့်ဝေမှုများ အဆုံးသတ်ရေး ရန်ကုန်ရှိ UNIC အနီးကပ် ကြီးကြပ်ပေးရန် မြန်မာသံအမတ်ကြီးတောင်းဆို
စစ်တပ်၏ မီဒီယာဖိနှိပ်မှုနှင့် သတင်းအမှားများဖြန့်ဝေမှုများ အဆုံးသတ်ရေး ရန်ကုန်ရှိ UNIC အနီးကပ် ကြီးကြပ်ပေးရန် မြန်မာသံအမတ်ကြီးတောင်းဆို

▪︎စစ်ကောင်စီတပ်သားများ ပြည်သူထံမှခိုးယူထားတဲ့အဖိုးတန်ပစ္စည်များကို ချင်းတပ်ဖွဲ့ သိမ်းဆည်းရရှိ

ချင်းပြည်နယ် ထန်တလန်မြို့နဲ့ သီတာကျေးရွာအကြား ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေဆီကနေ ခိုးယူထားတဲ့ အဖိုးတန်ပစ္စည်းတွေကို ထန်တလန်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ The Chin Journalက ဒီနေ့ဖော်ပြပါတယ်။ အောက်တိုဘာ ၁၉ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ ခိုးယူထားတဲ့ ချင်းရိုးရာ ဆွဲကြိုးနဲ့ အဖိုးတန်ပစ္စည်းတွေကို ထန်တလန် CDF ကွန်မန်ဒိုတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်ဝတ်ရတနာများနှင့် လက်နက်ခဲယမ်းများ၊ဓာတ်ပုံ - The Chin Journal
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်ဝတ်ရတနာများနှင့် လက်နက်ခဲယမ်းများ၊ဓာတ်ပုံ – The Chin Journal

အဲဒီပစ္စည်းတွေကို ထန်တလန်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေဆီကနေ သိမ်းဆည်းရရှိခဲ့တာလို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့ ထန်တလန် မြို့တွင်း နေအိမ်တွေနဲ့ စျေးဆိုင်တွေကို ဖောက်ထွင်းလုယက် ခိုးယူထားတဲ့ ပစ္စည်းများ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြား၊ ဟားခါးမြို့အနီး၊ သီတာကျေးရွာအနီး တို့မှာ ချင်းပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၁၃ရက်ကစလို့ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၂၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၀ကျော်ဒဏ်ရာရခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ထန်တလန်ကနေ စစ်ကူလာတဲ့ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်ကိုလည်း ပူးပေါင်းတပ်က ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာခဲ့လို့ လေကြောင်းမှ စစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်ဝတ်ရတနာများနှင့် လက်နက်ခဲယမ်းများ၊ဓာတ်ပုံ - The Chin Journal
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်ဝတ်ရတနာများနှင့် လက်နက်ခဲယမ်းများ၊ဓာတ်ပုံ – The Chin Journal

▪︎ဗန်းမောက်နယ် ကြောင်လည်ရွာကို စစ်ကောင်စီတပ် လေကြောင်းမှ ဒီနေ့ထပ်မံတိုက်ခိုက်

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ရှိ ကြောင်လည်ကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့နေ့ခင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဗန်းမောက်မြို့နယ် မံယူးကြီးကျေးရွာကို စစ်ကောင်စီတပ်က မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ငါးဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေ့တိုက်ခိုက်ခံရတဲ့ ကြောင်လည်ရွာဟာ မံယူးကြီးနဲ့ ၁၅ မိုင်လောက်ဝေးပြီး နေ့ခင်း ၁ နာရီ ၁၅ မိနစ်လောက်က တိုက်ခိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှုရှိတယ်လို့ ကြားသိရပေမယ့် လူသေဆုံးဒဏ်ရာရမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၊ ခုခံတော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ စီးနင်းတိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲခြင်းများ မကြာခဏ ပြုလုပ်နေပါတယ်။

ကော့ကရိတ်ကို (KNLA)ပူးပေါင်းအဖွဲ့များဝိုင်းထားပြီး အချုပ်ထောင်ကိုဖွင့်နိုင်ခဲ့ သည်ဟုထုတ်ပြန်
ကော့ကရိတ်ကို (KNLA)ပူးပေါင်းအဖွဲ့များဝိုင်းထားပြီး အချုပ်ထောင်ကိုဖွင့်နိုင်ခဲ့ သည်ဟုထုတ်ပြန်

▪︎မူဆယ်မှာ စစ်​ကောင်စီလက်​အောက်ခံ ပြည်သူ့စစ်​ခေါင်း​ဆောင်အိမ်ကို TNLA နဲ့ PDFပူး​ပေါင်းတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် အိမ်ကို TNLA နဲ့ PDFတွေက ဒီနေ့မနက်အစောပိုင်းမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ မူဆယ်မြို့ ခိုဝိန်းရပ်ကွက်ရှိ ပြည်သူ့စစ်ခေါင်းဆောင်အိမ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ပွဲမှာ နှစ်နာရီခန့်ကြာခဲ့​ကာ စစ်ကောင်စီတပ်ရဲ့ ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို မသိရသေးဘူးလို့ ဆိုပါတယ်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ပြည်သူ့စစ်ဘက်ကပစ်ခတ်တဲ့ သေနတ်ကျည်တွေဟာ အနီးဝန်းကျင်ရှိ နေအိမ်အချို့နဲ့ ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

▪︎မြင်းမူမြို့ရှောင်လမ်းမှာ စစ်ကောင်စီယာဥ်တန်းကို PDFများ မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမပေါ်၊ မြင်းမူမြို့ရှောင်လမ်းမှာ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ People’s Army To Fight Dictatorship(PAFD) တာဝန်ရှိသူ ဗိုလ်တေဇက​ ပြောပါတယ်။ မနေ့ညပိုင်းက စစ်ကိုင်းတပ်မ(၃၃)မှ မုံရွာမြို့သို့သွားတဲ့ စစ်ကား(၃) စီးအနက် နှစ်စီးမြောက်ကို မြင်းမူမြို့ရှောင်လမ်းမှာ ပဒေသာမိုင်း(၅)လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဘဲ သူတို့လမ်းကြောင်းအတိုင်း ဆက်လက်သွားလာတာမရှိတဲ့အတွက် အထိနာတဲ့သဘောရှိတယ်လို့ ဗိုလ်တေဇက သုံးသပ်ပါတယ်။ မိုင်းဆွဲခံရတဲ့ကားတွေဟာ ည ၉နာရီအထိ သူတို့တပ်စွဲထားတဲ့ ဝမ်းပြည့်ရွာမှာရပ်နားခဲ့ပြီး ဒီနေ့မနက်ပိုင်းအထိ အဲဒီရွာမှာပဲ ရှိနေသးတယ်လို့ ဆိုပါတယ်။

▪︎နတ်မောက် စစ်ကောင်စီရဲ့ မြို့နယ်ပညာရေးမှူးနေအိမ်နဲ့ အုပ်ကြီးနေအိမ် ချိန်ကိုက်မိုင်းဆင် တိုက်ခိုက်

မကွေးတိုင်း၊ နတ်မောက်မြို့မှာ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချု​ပ်ရေးမှူးနဲ့ မြို့နယ်ပညာရေးမှူးအိမ်တွေကို ချိန်ကိုက်မိုင်းဆင်ကာ တိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အောက်တိုဘာ ၁၉ ရက် ညပိုင်းက နတ်မောက်မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်ရဲ့ နေအိမ်နဲ့ မြို့မကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းနဲ့ ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဦးဝင်းအောင်ရဲ့ နေအိမ်တွေကို ချိန်ကိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီဖောက်ခွဲတိုက်ခိုက်မှုမှာ မြို့နယ်ပညာရေးမှူးအိမ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ္စည်းများပျက်စီး၍ လူထိခိုက်မှုမရှိခဲ့ကြောင်း၊ စစ်မှူထမ်းဟောင်း အုပ်ချုပ်ရေးမှူးနေအိမ်မှာ စစ်ကောင်စီတပ်တွေက မိုင်းလာရောက်ရှင်းလင်းသွားလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းမရှိခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဟာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ မြို့မကွက်သစ်ရပ်ကွက်မှာ နေထိုင်တဲ့ လူငယ်တွေကို ဖမ်းဆီးခဲ့ရာ အသက် ၂၄အရွယ် ကိုအောင်ကျော်ကျော်လည်း ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ၂၀ ရက် မှာ သူရဲ့ရုပ်အလောင်းကို အမှိုက်ပုံမှာ လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎နွားထိုးကြီး – တောင်သာလမ်းပိုင်း စစ်ဆေးရေးဂိတ်လာဖွင့်တဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် နွားထိုးကြီး-တောင်သာလမ်းပိုင်းမှာ စစ်​ဆေးရေးဂိတ်လာဖွင့်တဲ့ စစ်ကောင်စီတ​ပ်ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ Natogyi People Defence Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဂိတ်ဟာ လမ်းသွားလမ်းလာပြည်သူတွေကို အိမ်ထောင်စုဇယားစစ်ဆေးခြင်း၊ ဖုန်းစစ်ဆေးခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းများ လုပ်ဆောင်တယ်လို့ နွားထိုးကြီး PDF ပြန်ကြားရေးအဖွဲ့တာ၀န်ခံက ပြောပါတယ်။

ဆက်စပ်သတင်းများ