တော်လှန်ရေးအင်အားစုများ၏ ငွေလွှဲအချက် အလက်များကို အကြမ်းဖက်စစ်ကောင်စီတပ်ထံ သတင်းပေးပို့နေသည့် ကမ္ဘောဇဘဏ်ကို သတိပေးသည့် အနေဖြင့် ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်ရှိ KBZ ဘဏ်ခွဲကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Myit Ma Kha Special Task Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“KBZ ကိုသတိပေးချင်တာကတော့ ဆက်လက် ပြီး စကစထောက်တိုင်အဖြစ်တည်ရှိနေမယ်၊ တော်လှန်ရေးအတွက် ငွေလွှဲတွေကို ဆက်လက် နှောက်ယှက်ပြီး သတင်းအချက်အလက်တွေကို စကစကို ဆက်လက်တင်ပြနေမယ်ဆိုရင် ဒီထက် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။”ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၂၁ရက် ညနေ ၃နာရီခန့်တွင် အဆိုပါစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Generation-Y Guerilla GY G ၊ Army Representing Myanmar Society ARMS ၊ P.C-UGF မဟာမိတ်ညီနောင်အဖွဲ့တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“အထိခိုက် အပျက်စီးမရှိခဲ့ပါဘူး၊ ဒုတိယအလုံးက အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့လို့ပါ။” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
စစ်ဆင်ရေးပြုလုပ်သည့် ဘဏ်အနီး၌ အကြမ်းဖက်စစ်ကောင်စီများရှိသော်လည်း အဖွဲ့သားအားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
KBZ ဘဏ်သည် တော်လှန်ရေးရဲဘော်များအတွက် ငွေကြေးလှူဒါန်းမှုများပြုလုပ်သည်ဟုဆိုကာ အချို့ KPay အကောင့် အသုံးပြုသူများအား စစ်ကောင်စီအလိုကျ ပိတ်သိမ်းပေးမှုပြုလုပ်နေသည်။


















































