Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့ငွေစာရင်းများအား အကြောင်းမဲ့ပိတ်သိမ်းနေ၍ ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ်ခွဲအား Pakokku Rangerအဖွဲ့ သတိပေး

စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးလေ့ရှိသည့် ကမ္ဘောဇဘဏ်သည် ယခင်ကလည်းမန္တလေး၊ မုံရွာ၊ မြင်းခြံနှင့် ဒေသအချိူ့ရှိ ဘဏ်ခွဲများတွင် မကြာခဏဖောက်ခွဲသတိပေးခြင်းများ ခံခဲ့ရဖူးသည်။

ပခုက္ကူမြိူ့ရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj(ပုံအဟောင်းဖြစ်ပါသည်။)
ပခုက္ကူမြိူ့ရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj(ပုံအဟောင်းဖြစ်ပါသည်။)

ပြည်သူများ၏ ငွေစာရင်းများအား အကြောင်းမဲ့ပိတ်သိမ်းနေ၍ မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ်များ တန်ပြန်ခံစားရမည်ဟု Pakokku Rangerအဖွဲ့က သတိပေးလိုက်သည်။

ကမ္ဘောဇဘဏ်သည် စစ်အာဏာရှင်အလိုကျပြည်သူလူထုများစွာ၏ K Pay အကောင့်များအား ဗဟိုဘဏ်ညွှန်ကြားချက်ဆိုသည့် အကြောင်းပြချက်ဖြင့် လိုက်လံပိတ်သိမ်းနေသည်။

ထိုသို့ပိတ်သိမ်းရန်ဆောင်ရွက်ပေးနေ၍ ပခုက္ကူမြို့ရှိ KBZ Bank များအား မိတို့​ပြုလုပ်ပေးနေသော အကျိုးအပြစ်များကို မကြာမီကာလအတွင်း ပြန်လည်ခံစားစေရမည်ဟု ပခုက္ကူအခြေစိုက် Pakokku Rangerအဖွဲ့က စက်တင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်သတိပေးသည်။

ပြည်သူလူထုက ၎င်းတို့ ခက်ခက်ခဲခဲရှာထားရသော ချွေးနည်းစာငွေသားများအား ကမ္ဘောဇဘဏ်က အကြောင်းမဲ့ပိတ်သိမ်းနေမှုကို တိုင်ကြားကြ၍ ယခုကဲ့သို့ သတိပေးရခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်တပ်၊ ရဲနှင့် စစ်ကောင်စီအလိုကျ လက်အောက်ခံမည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို အစွမ်းကုန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း Pakokku Ranger အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးလေ့ရှိသည့် ကမ္ဘောဇဘဏ်သည် ယခင်ကလည်းမန္တလေး၊ မုံရွာ၊ မြင်းခြံနှင့် ဒေသအချိူ့ရှိ ဘဏ်ခွဲများတွင် မကြာခဏဖောက်ခွဲသတိပေးခြင်းများ ခံခဲ့ရဖူးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ပျူစောထီးတွေကြီးစိုးတဲ့မန္တလေးမြို့၊ပြည်ကြီး‌‌တံခွန်မြို့နယ်က ကမ္ဘောဇဘဏ် နေ့ခင်းကြောင် တောင်ဓားပြတိုက်ခံပြီး ကျပ်သိန်းနှစ်ထောင် ကျော်ပါသွားတယ်လို့မြို့ခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ ဆေးရုံတက်သူတွေကို ထမင်းဝေနေတဲ့ ပရဟိတအသင်းအခန်း ဖောက်ထွင်းခံရပြီး ပစ္စည်းများ ခိုးယူခံလိုက်ရပါတယ်။

သတင်း

ပခုက္ကူမြို့၊ အမှတ်(၁၀၁)‌ခြေမြန်တပ်မဌာနချုပ်ထဲမှ တင့်ကားနှစ်စီးအပါအဝင် စစ်ကား ၁၃၆စီးသည် လေကြောင်းပစ်ကူယူပြီး ပေါက်မြို့နယ်မှတစ်ဆင့်ယောဒေသဘက်သို့ ဦးတည်ထွက်ခွာလာသည်။