Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်တာဝန်ရှိသူတိုင်းကို ပိုင်နက်နယ်မြေရောက်လာပါက တရားစွဲဆိုရေး တွန်းအားပေးရန် အဖွဲ့ဝင်လွှတ်တော်များကို IPUတောင်းဆို

ထို့အပြင် IPU က ဖမ်းဆီးထိန်းသိမ်းထားသည့် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုသည်။

မြန်မာစစ်တပ်တာဝန်ရှိသူတိုင်းကို ပိုင်နက်နယ်မြေရောက်လာပါက တရားစွဲဆိုရေး တွန်းအားပေးရန် အဖွဲ့ဝင်လွှတ်တော်များကို IPUတောင်းဆို
မြန်မာစစ်တပ်တာဝန်ရှိသူတိုင်းကို ပိုင်နက်နယ်မြေရောက်လာပါက တရားစွဲဆိုရေး တွန်းအားပေးရန် အဖွဲ့ဝင်လွှတ်တော်များကို IPUတောင်းဆို

▪️IPUကို အဖွဲ့ဝင် ၁၇၈နိုင်ငံဖြင့် ဖွဲ့စည်းထား

မြန်မာစစ်တပ်မှ တာဝန်ရှိသူများ မိမိတို့ နယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲပေးရေး သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းပေးရန် အဖွဲ့ဝင်လွှတ်တော်များကို IPU အမှုဆောင်ကောင်စီအစည်းအဝေးက တောင်းဆိုလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယနေ့ ထုတ်ပြန်သည်။

နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ခြင်းကို ကျင့်သုံးရန်မှာ နိုင်ငံတိုင်း၏တာဝန်ဖြစ်ကြောင်း ထည့်သွင်းပြဋ္ဌာန်းထားသော ရောမဖွဲ့စည်းပုံစည်းမျဉ်း (Rome Statue)အရ နိုင်ငံတကာပါလီမန်အဖွဲ့ (IPU) က တောင်းဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Rome Statue နှင့်ကိုက်ညီမှုရှိသည့် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုစည်းမျဥ်းကို လိုက်နာခြင်းအားဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်မှ တာဝန်ရှိသူ မည်သူကိုမဆို မိမိတို့ နယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲဆိုခြင်းဖြင့် မိမိတို့၏ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးရန် အဖွဲ့ဝင်လွှတ်တော်များက သက်ဆိုင်ရာအာဏာပိုင်များအား လေးလေးနက်နက် တိုက်တွန်းပေးရန် အောက်တိုဘာလ ၁၅ ရက်တွင် ရဝမ်ဒါ၌ ကျင်းပခဲ့သည့် (၂၁၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့၏ အမှုဆောင်ကောင်စီအစည်းအဝေးက တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာပါလီမန်များအဖွဲ့ IPU တွင် အဖွဲ့ဝင်အဖြစ် နိုင်ငံပေါင်း ၁၇၈ နိုင်ငံပါဝင်သည်။

Public Service Announcement

Public Service Announcement

ယင်းအစည်းအဝေးက လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာပါ မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပေါ် အကြမ်းဖက်စစ်တပ်က ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အား အတည်ပြုခဲ့ရာတွင် တောင်းဆိုချက် (၉) ချက်အား ထည့်သွင်း တောင်းဆိုထားသည်ဟု CRPH က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းချိန်မှစ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကြောင်းပြချက်မဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၃၇) ဦး ရှိပြီဖြစ်ကာ(၃၀) ဦးသည် ထိန်းသိမ်းခံ ထားရဆဲဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

ထို့အပြင် IPU က ဖမ်းဆီးထိန်းသိမ်းထားသည့် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုသည်။

ဆက်လက်၍ CRPH အဖွဲ့ဝင်များ အပါအဝင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်ညီတစ်ညွတ်တည်း ရပ်တည်ကြောင်း ပြသရန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစည်းမျဉ်းစည်းကမ်းများနှင့် လူ့အခွင့်အရေးများအပေါ် လေးစားလိုက်နာမှုရှိစေရေး ဖိအားပေးရန် IPU အဖွဲ့ဝင်လွှတ်တော်များ၊ အမြဲတမ်းလေ့လာသူများ၊ အထူးသဖြင့် အာဆီယံပါလီမန်များညီလာခံ(AIPA)များကို တောင်းဆိုထားသည်။

CRPH သည် အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်စပ်လျဉ်း၍ စစ်တပ်မှ တာဝန်ခံမှုရှိစေရေးနှင့် စစ်တပ်အား အရေးယူဆောင်ရွက်နိုင်ရေးတို့အတွက် ကမ္ဘာ့နိုင်ငံများ၊ နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လက်တွဲပူးပေါင်းလုပ်ဆောင်နေကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်တပ်လွှတ်​တော်မှာ သမ္မတအဖြစ် ဒီ​နေ့ပထမဆုံးမိန့်ခွန်းပြောပေမယ့် သူတစ်ဦးတည်းကပဲ အာဏာအလုံးစုံကို ကိုင်ထားမှာဖြစ်လို့ တိုင်းပြည်နဲ့ ပြည်သူလူထုလွတ်လပ်ခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘာတစ်ခုမှ မျှော်လင့်လို့ မရနိုင်ကြောင်းနိုင်ငံရေအကဲခတ်တွေက ပြောပါတယ်။