Connect with us

Hi, what are you looking for?

News

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအား အရေးယူနေမှုများ ရပ်တန့်ရန် မြန်မာစစ်တပ်ကို IPU တောင်းဆို

(၂၀၉) ကြိမ်မြောက် IPU အမှုဆောင်ကောင်စီ အစည်းအဝေးတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကို အတည်ပြုရာ၌ ထည့်သွင်းတောင်းဆိုခြင်းဖြစ်သည်။

ဓာတ်ပုံ - IPU

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအား အကြမ်းဖက်စစ်ကောင်စီက ရုပ်ပိုင်းဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာ အရေးယူနေမှုများကို ရပ်တန့်ရန် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)က တောင်းဆိုလိုက်သည်။

(၂၀၉) ကြိမ်မြောက် IPU အမှုဆောင်ကောင်စီ အစည်းအဝေးတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကို အတည်ပြုရာ၌ ထည့်သွင်းတောင်းဆိုခြင်းဖြစ်သည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ လူ့အခွင့်အရေးကို စစ်တပ်အာဏာပိုင်များက လေးစားလိုက်နာရန်၊ ကိုယ်စားလှယ်များအနေဖြင့် စစ်တပ်၏ အရေးယူမှုများကို ကြောက်ရွံ့ မှုမရှိဘဲ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခွင့်၊ စုဖွဲ့ခွင့်၊ စုဝေးခွင့်၊ အမြင်များဖော်ပြခွင့်၊ သတင်း အချက်အလက်များကို ရယူ/ပေးအပ်ခွင့်၊ သွားလာခွင့်များကို တားမြစ်ခြင်းမပြုရန်လည်း IPU အမှုဆောင်ကောင်စီက တောင်းဆိုသည်။

IPU သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ကြောင်း ဆုံးဖြတ်ချက်၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစည်းမျဉ်းစည်းကမ်းများနှင့် လူ့အခွင့်အရေးများအပေါ် လေးစား လိုက်နာရေး ရှိစေရန်အတွက် IPU အဖွဲ့ဝင်လွှတ်တော်များ၊ အမြဲတမ်းလေ့လာသူများနှင့် အာဆီယံ ပါလီမန် များ ညီလာခံ (AIPA) အပါအဝင် လွှတ်တော်ညီလာခံများက ဖိအားပေးရေး၊ အကျပ်အတည်းဖြေရှင်းရေးတွင် အထောက်အကူဖြစ်စေရန် အရပ်သားများအပေါ် လက်နက်အသုံးပြုမှု ရပ်တန့်ရေး အပါအဝင် ယင်းကိစ္စရပ်များတွင် ပိုမိုလုပ်ဆောင်ရေးတို့ကို IPUက ဆုံးဖြတ်ချမှတ်သည်။

CRPH အနေဖြင့်လည်း စစ်အာဏာရှင်များ ကျဆုံးရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေး ရည်မှန်းချက်များဖြင့် အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့် စပ်လျဉ်း၍ စစ်တပ်မှ တာဝန်ခံမှုရှိစေရေးနှင့် စစ်တပ်အား အရေးယူဆောင်ရွက်နိုင်ရေးတို့အတွက် ကမ္ဘာ့နိုင်ငံများ၊ နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လက်တွဲ ပူးပေါင်းလုပ်ဆောင်နေကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။