Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမြို့တွင် စစ်ကောင်စီတပ်က NLD အမာခံများနှင့် ပြည်သူများ ဖမ်းဆီးငွေညှစ်နေ

မန္တလေးတိုင်းအတွင်းရှိ NLD ပါတီဝင်များနှင့် NLDအမာခံများကို စစ်ကောင်စီလက်အောက်ခံသွေးသောက်အဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ဖြစ်ပေါ်နေသည်။

ဝမ်းတွင်းမြို့တွင် စစ်ကောင်စီတပ်က NLD အမာခံများနှင့် ပြည်သူများ ဖမ်းဆီးငွေညှစ်နေ
ဝမ်းတွင်းမြို့တွင် စစ်ကောင်စီတပ်က NLD အမာခံများနှင့် ပြည်သူများ ဖမ်းဆီးငွေညှစ်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်က NLDပါတီအမာခံများနှင့် ပြည်သူများအား တရားမဲ့ဖမ်းဆီးပြီး ငွေညှစ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က ဝမ်းတွင်းမြို့မရဲစခန်း ယာယီစခန်းမှူးနှင့် အောက်တိုဘာ ၁၇ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးတို့ သုတ်သင်ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့နယ်တွင် တစ်ရက်လျှင် ဒေသခံ ခုနစ်ဦးခန့်ဖမ်းဆီးခံနေရပြီး လက်ရှိ ၉၀ ကျော် ဖမ်းဆီးခံထားရကြောင်း၊ အချို့မှာ ကျပ် ၅သိန်းပေးဆောင်၍ ပြန်လွတ်လာသ​ည်ဟု Voice Of Wundwin အဖွဲ့က ဆိုသည်။

” NLD အမာခံတွေကိုပဲရွေးပြီးဖမ်းကြတယ်။ ပိုက်ဆံရှိရင်ရှိသလို ငွေအများကြီးပေးရတယ်။ တချို့ဆို ၁၉သိန်း။ အပြစ်မဲ့ပြည်သူတွေကို အကြောင်းပြချက်အမျိုးမျိုးနဲ့အကုန်ဖမ်းတာ သဲလွန်စမရရင် ငွေရမယ်ဆိုပြီး လုပ်နေတာ တစ်ရက်ကို ပျမ်းမျှ ခုနစ်ယောက်နှုန်းဖမ်းပါတယ်။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

NLDပါတီ အမာခံများအပြင် လမ်းသွား၊လမ်းလာလူငယ်များကိုလည်း ဖမ်းဆီးရိုက်နှက်ခြင်း၊ စစ်ကြောရေးသို့ပို့ဆောင်ခြင်းများ ပြုလုပ်နေကြောင်း ​ဒေသခံများက ပြောသည်။

“တချို့အပြစ်မရှိတဲ့သူတွေ ယောက်ျားလေးတွေဆို ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သတ်တာတစ်ခုခုတွေ့လိုက်တာနဲ့ အဲ့ကလေးကို နေရာတင် လက်ပြန်ကြိုးတုတ်ပြီးရိုက်တာ။ ပြီးရင် ဖုန်းထဲမှာရှိတဲ့နံပတ်အကုန်ခေါ်ပြီး တစ်ယောက်ချင်းခေါ်ခိုင်းတာ။ တချို့တွေဆိုစစ်ကြောရေးထိရောက်သွားကြတယ်။ ကျွန်တော်တို့သတင်းရသလောက်တော့ ၈ ယောက်လောက် စစ်ကြောရေးကိုရောက်တယ်။”ဟု ဝမ်းတွင်းနယ်ခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ NLD ပါတီဝင်များနှင့် NLDအမာခံများကို စစ်ကောင်စီလက်အောက်ခံသွေးသောက်အဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ဖြစ်ပေါ်နေသည်။

ဝမ်းတွင်းမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုအားကောင်းသော ဒေသတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook