Connect with us

Hi, what are you looking for?

သတင်း

အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုအတွက်ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်ကြရန် GSCB တိုက်တွန်း

ယင်းဖြစ်ရပ်သည် စစ်အာဏာရှင်တို့က ၎င်းတို့ အာဏာတည်မြဲနိုင်ရန် မည့်သည့်စစ်ရာဇဝတ်မှုကိုမျှ ဂရုမပြုဘဲ အဆုံးစွန်ထိရက်စက်ယုတ်မာသွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်အဖန်ဖန်ပြသနေခြင်းဟု GSCB က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၀ ကျော် သေဆုံးခဲ့မှုအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ်အရှိန်မြှင့်တင်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(GSCB)က ယမန်နေ့တွင် တိုက်တွန်းထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ၌ ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ အနန့်ပါဒေသ ကံဆီးကျေးရွာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ (၆၂)နှစ်ပြည့်အထိမ်းအမှတ်အကြို ဂီတဖျော်ဖြေပွဲပြုလုပ်စဥ် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၅၀ကျော် အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်ရပ်သည် စစ်အာဏာရှင်တို့က ၎င်းတို့ အာဏာတည်မြဲနိုင်ရန် မည့်သည့်စစ်ရာဇဝတ်မှုကိုမျှ ဂရုမပြုဘဲ အဆုံးစွန်ထိရက်စက်ယုတ်မာသွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်အဖန်ဖန်ပြသနေခြင်းဟု GSCB က ဆိုသည်။

အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုအတွက်ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်ကြရန် GSCB တိုက်တွန်း
အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုအတွက်ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်ကြရန် GSCB တိုက်တွန်း

သို့သော် မည်ကဲ့သို့သော ရက်စက်မှုမျိုးကမှ တော်လှန်သောအရှိန်အဟုန်ကို တားဆီးနိုင်မည် မဟုတ်ကြောင်း GSCB က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ထိုကဲ့သော ခက်ခဲကြမ်းတမ်းသော အခြေအနေများက ကျွန်ုပ်တို့ ညီနောင်တိုင်းရင်းသားများအား ပို၍ သွေးစည်းညီညွတ်မှုကိုသာ ဖြစ်စေတာကြောင့် လက်သည်းဆိတ် လက်ထိပ်ကနာဆိုသလို ကချင်လူထုနှင့် အတူရပ်တည်ကြောင်းပြသ၍ ကျွန်ုပ်တို့ရဲ့ သွေးစည်းညီညွတ်မှုကို ထုတ်ဖော်ပြသရန် အချိန်တန်ပြီ ဖြစ်ပါတယ် “ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

ထို့ကြောင့် ဖားကန့်နယ် အနန့်ပါဒေသလေကြောင်းပစ်ခတ်မှုအတွက် ဝမ်းနည်းကြေကွဲမှု ၊ နာကြည်းစိတ်တို့အား တော်လှန်ခွန်အားအဖြစ် အသွင်ပြောင်း၍ တော်လှန်ရေးအဟုန်အား အရှိန်မြှင့်တိုက်ပွဲဝင်ကြပါရန် GSCB က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။