Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ ၏ လူမဆန်သည့် စစ်ရာဇဝတ်မှုများကို ထိရောက်စွာ အရေးယူရန် GSCB တိုက်တွန်း

ပြီးခဲ့သည့်စက်တင်ဘာ(၁၆)ရက်တွင် ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာတွင်ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲသည်။

နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ ၏ လူမဆန်သည့် စစ်ရာဇဝတ်မှုများကို ထိရောက်စွာ အရေးယူရန် GSCB တိုက်တွန်း
နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ ၏ လူမဆန်သည့် စစ်ရာဇဝတ်မှုများကို ထိရောက်စွာ အရေးယူရန် GSCB တိုက်တွန်း

ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ၊ အစိုးရများနှင့်အဖွဲ့အစည်းများအနေဖြင့် တရားမျှတမှုအတွက် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးကြရန်နှင့် စစ်ကောင်စီ၏ လူမဆန်စွာ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ထိရောက်ပြင်းထန်စွာအရေးယူနိုင်ရေးကြိုးပမ်းပေးကြရန်အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)က ယနေ့တွင် တိုက်တွန်းနှိုးဆော်ခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာ(၁၆)ရက်တွင် ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာတွင်ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲသည်။

နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ ၏ လူမဆန်သည့် စစ်ရာဇဝတ်မှုများကို ထိရောက်စွာ အရေးယူရန် GSCB တိုက်တွန်း
နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ ၏ လူမဆန်သည့် စစ်ရာဇဝတ်မှုများကို ထိရောက်စွာ အရေးယူရန် GSCB တိုက်တွန်း

ထိုကဲ့သို့စာသင်ကျောင်းအတွင်းပညာသင်ယူနေချိန်ကလေး သူငယ်များအပေါ် လက်နက်ကြီးငယ်တို့ဖြင့်လူမဆန်စွာသတ်ဖြတ်ခဲ့၍ ပညာသင်ကြားနေသော ကလေးသူငယ် (၁၃)ဦး သေဆုံးခဲ့ပြီး ကလေးသူငယ်အများအပြားလည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်အတွက် စိတ်မချရသေးသည့် အနေအထား ဖြစ်နေသေးကြောင်း GSCB က ဖော်ပြခဲ့သည်။

ထို့အပြင် စစ်အုပ်စုသည် ဒဏ်ရာပြင်းထန်စွာ ရရှိနေသော ကလေးသူငယ်များ အပါအဝင် စာသင်ကျောင်းတွင် ပိတ်မိနေသော ကျောင်းသားများနှင့် ဆရာ၊ဆရာမ (၂၀)ဦးခန့်အား မတရားဖမ်းဆီး၍ ရေဦးမြို့နယ်သို့ ပို့ဆောင်ခဲ့သည့်အတွက် ဖမ်းဆီးခံ ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများ၏အသက်ဘေးအန္တရာယ်အတွက် များစွာစိုးရိမ်နေရကြောင်း GSCB က ဆိုသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ ၏ လူမဆန်သည့် စစ်ရာဇဝတ်မှုများကို ထိရောက်စွာ အရေးယူရန် GSCB တိုက်တွန်း
နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ ၏ လူမဆန်သည့် စစ်ရာဇဝတ်မှုများကို ထိရောက်စွာ အရေးယူရန် GSCB တိုက်တွန်း

ထို့ကြောင့် အသက်ဆုံးရှုံးခဲ့ရသော၊ ဖမ်းဆီးခံနေကြရသော ကလေးသူငယ်များ၊ ဆရာ၊ ဆရာမများ တရားမျှတမှု ရရှိစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် စစ်ကောင်စီကို တရားစီရင် အရေးယူနိုင်ရေး ကြိုးပမ်းပေးကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့သည်။

” အပြစ်မဲ့ကလေးငယ်များအတွက်၊ ကျဆုံးထိခိုက်ခဲ့ရသူများအတွက် တရားမျှတမှု ပြန်ရှာဖွေနိုင်ဖို့နဲ့ ရှင်သန်ကျန်ရစ်နေသူများရဲ့ လွတ်မြောက်မှုတို့ အတွက် ပြည်သူတရပ်လုံး အဆုံးစွန်သော ရုန်းကြွတော်လှန်ခြင်းနဲ့ပဲ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ရပါမယ်။ ကလေးသူငယ်တွေကို တန်ဖိုးထား၊ ချစ်တတ်တဲ့ လူအဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းက ဒီဖြစ်ရပ်အတွက် မျက်နှာမလွှဲဘဲ ဝမ်းနည်းခြင်းနဲ့ ကိုယ်ချင်းစာ တရားကိုပြသဖို့ လိုပါတယ်။ ကျူးလွန်ခဲ့သူတွေကို ထုတ်ဖော်ရှုံ့ချဖို့ လိုပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံများမှ ပြည်သူများ၊ အစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း တရားမျှတမှုအတွက် မြန်မာပြည်သူများနှင့်အတူရပ်တည်ပေးကြဖို့နှင့် စစ်ကောင်စီ၏ လူမဆန်စွာ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေးအတွက် အားထုတ်ကြိုးပမ်းပေးကြဖို့ တိုက်တွန်းလိုပါတယ် ” ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

ထို့အပြင် ယမန်နေ့ကလည်း GSCB ကအကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပညာသင်ကြားနေသော ကလေးသူငယ် ၁၃ ဦး သေဆုံးခဲ့သည့်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။