Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မြရည်နန္ဒာအိမ်ရာမှာ အမျိုးသမီးတစ်ဦး ခုန်ချသေဆုံး

အခင်းဖြစ်တဲ့ တိုက်တန်းမှာနေထိုင်သူ တစ်ဦးရဲ့ပြောပြချက်အရတော့ ဒီနေ့မနက်ပိုင်း တိုက်ခန်းတွေရဲ့ နောက်ဖေးလမ်းကြားထဲကို ပြုတ်ကျနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ − မြရည်နန္ဒာ လူမှူကယ်ဆယ်ရေးအဖွဲ့
ဓာတ်ပုံ − မြရည်နန္ဒာ လူမှူကယ်ဆယ်ရေးအဖွဲ့

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာမှာ အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်း အမျိုးသမီး တစ်ဦး ဒီနေ့မနက်ပိုင်းက ခုန်ချအဆုံးစီရင်သွားပါတယ်။

မြရည်နန္ဒာတိုက်တန်း ၊တိုက်အမှတ် ၁၄ ပေါ်ကနေ အမျိုးသမီးတစ်ဦးခုန်ချသွားတယ်ဆိုတဲ့ သတင်းအရ သွားရောက်ကူညီပေးရာမှာ ဆေးရုံကို ပို့ဆောင်ပေးချိန် လမ်းမှာပဲ ဆုံးပါးသွားတယ်လို့ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့က အသိပေးပါတယ်။

အခင်းဖြစ်တဲ့ တိုက်တန်းမှာနေထိုင်သူ တစ်ဦးရဲ့ပြောပြချက်အရတော့ ဒီနေ့မနက်ပိုင်း တိုက်ခန်းတွေရဲ့ နောက်ဖေးလမ်းကြားထဲကို ပြုတ်ကျနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း မြရည်နန္ဒာအိမ်ရာမှာပဲ အမျိုးသမီးတစ်ဦး ဒဏ်ရာတွေနဲ့ တိုက်ခန်းထဲမှာ သေဆုံးနေတာကို တွေ့ခဲ့ရတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။