Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကျူးလွန်မှုများအတွက် ICCသို့ တင်ပို့ရန် အပါအဝင် အချက် ၄ ချက် ကူညီလုပ်ဆောင်ရေး ကမ္ဘာ့နိုင်ငံများကို မြန်မာသံအမတ်ကြီးတောင်းဆို

ပထမအချက်မှာ အပြည်မဲ့ပြည်သူများကို စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များထံမှ ကာကွယ်ပေးရန် ဖြစ်ပြီး ယင်းတွင် စစ်တပ်၏ ဘဏ္ဍာငွေနှင့် သေစေနိုင်သော လက်နက်များကို ထိန်းချုပ်ရန်ဖြစ်သည်။

▪️စစ်တပ်ထိန်းချုပ်မည့်ရွေးကောက်ပွဲများ ပြည်တွင်းမတည်ငြိမ်မှုကိုသာ ပိုမိုဆိုးရွားလာစေနိုင်ဟု သတိပေး

မြန်မာပြည်သူလူထုကို အကာအကွယ်ပေးရန်၊ စစ်တပ်ကျူးလွန်မှုများအတွက် ICC သို့ တင်ပို့ရန် အပါအဝင် အချက် ၄ ချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံချင်းဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ ကူညီပေးနိုင်မည့် အချက် ၄ချက်ကို သံအမတ်ကြီးက ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂညီလာခံ၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်တပ်ကျူးလွန်မှုများအတွက် ICCသို့ တင်ပို့ရန် အပါအဝင် အချက် ၄ ချက် ကူညီလုပ်ဆောင်ရေး ကမ္ဘာ့နိုင်ငံများကို မြန်မာသံအမတ်ကြီးတောင်းဆို
စစ်တပ်ကျူးလွန်မှုများအတွက် ICCသို့ တင်ပို့ရန် အပါအဝင် အချက် ၄ ချက် ကူညီလုပ်ဆောင်ရေး ကမ္ဘာ့နိုင်ငံများကို မြန်မာသံအမတ်ကြီးတောင်းဆို

ပထမအချက်မှာ အပြည်မဲ့ပြည်သူများကို စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များထံမှ ကာကွယ်ပေးရန် ဖြစ်ပြီး ယင်းတွင် စစ်တပ်၏ ဘဏ္ဍာငွေနှင့် သေစေနိုင်သော လက်နက်များကို ထိန်းချုပ်ရန်ဖြစ်သည်။

ဒုတိယအချက်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီဖြစ်ပြီး လိုအပ်နေသော ပြည်သူများထံသို့ အဆိုပါအကူအညီများ ရောက်ရှိနိုင်မည့် နည်းလမ်းစုံကို အသုံးပြုရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအင်းအားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ထိရောက်မှုရှိသော ထိတွေ့ဆက်ဆံမှုများပြုလုပ်ရန်ဖြစ်သည်။

Public Service Announcement

Public Service Announcement

တတိယအချက်မှာ စစ်တပ်မှ အကျိုးခံစားနေသော ဒဏ်ခတ်မခံရသည့် အစဉ်အလာ(Impunity)ပင် ဖြစ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် IIMM မှ ပြုစုထားသည့် ခိုင်လုံသောသက်သေ အထောက် အထားများနှင့် အမှုတွဲများကို အသုံးပြုကာ မြန်မာနိုင်ငံအရေးကိစ္စအား နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ မဖြစ်မနေတင်သွင်းသင့်ကြောင်းဖြစ်သည်။

စစ်တပ်ကျူးလွန်မှုများအတွက် ICCသို့ တင်ပို့ရန် အပါအဝင် အချက် ၄ ချက် ကူညီလုပ်ဆောင်ရေး ကမ္ဘာ့နိုင်ငံများကို မြန်မာသံအမတ်ကြီးတောင်းဆို
စစ်တပ်ကျူးလွန်မှုများအတွက် ICCသို့ တင်ပို့ရန် အပါအဝင် အချက် ၄ ချက် ကူညီလုပ်ဆောင်ရေး ကမ္ဘာ့နိုင်ငံများကို မြန်မာသံအမတ်ကြီးတောင်းဆို

နောက်ဆုံးတစ်ချက်မှာ ပြည်သူများနှင့် ရွေးချယ်ခံကိုယ်စားလှယ်များအတွက် ခိုင်မာသောပံ့ပိုးကူညီမှု များပေးခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် တာဝန်ခံမှု၊ တရားမျှတမှု၊ ကာကွယ်ရေးအဖွဲ့အစည်းနှင့် အခြားအဓိကျသည့်အချက်များ ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းနေသည့် မိမိတို့၏ လုပ်ဆောင်ချက်များကို ထောက်ခံအားပေးရန်ဖြစ်သည်။

ထို့အပြင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ စီစဥ်နေသည်ဆိုသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ စစ်တပ်ထိန်းချုပ်သော ရွေးကောက်ပွဲများသည် ယခုအကျပ်အတည်းအတွက် ရေတို/ရေရှည် ဖြေရှင်းနိုင်မည့် နည်းလမ်းဖြစ်လာမည် မဟုတ်သကဲ့သို့ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဦးတည်ပေးနိုင်မည် မဟုတ်ကြောင်းနှင့် ပြည်တွင်းမတည်ငြိမ်မှုကိုသာ ပိုမိုဆိုးရွားလာစေနိုင်ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့အသိပေးပြောကြားသည်။

မြန်မာသံအမတ်ကြီးက စက်တင်ဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းစာသင်ကျောင်းတိုက်ခိုက်ခံရမှုနှင့် အောက်တိုဘာ ၂၃ ရက် ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ် အနန့်ပါတိုက်ခိုက်ခံရမှုတို့ကို နမူနာပေးကာ လူမဆန်သည့် စစ်တပ်အနေဖြင့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိသည်မှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုအဆင့်သို့ပင် ရောက်နေပြီ ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။