Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့ကို စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

ယ‌မန်နေ့(အောက်တိုဘာ ၂၃ရက်)ညနေကလည်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသည်။

မိုးမောက်မြို့ကို စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ
မိုးမောက်မြို့ကို စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ် မိုးမောက်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး မြို့‌‌ပတ်ဝန်းကျင်နေရာအချို့ကို လေကြောင်းမှ တိုက်ခိုက်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း သုံးရက်ဆက်တိုက်ပွဲဖြစ်နေပြီး ယနေ့(အောက်တိုဘာ ၂၄ရက်)နေ့လည် ၁၂နာရီခန့်တွင် မြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

“မိုးမောက် အထကကျောင်းရှေ့တစ်လုံး၊ခါနန်ရပ်ကွက်မှာတစ်လုံး၊ အဲ့နားက နောင်ပေါင်းကျေးရွာကို သွားတဲ့လမ်းမှာ တစ်လုံး။ စုစုပေါင်း သုံးလုံး ကျတယ်။ တမင်သက်သက် မြို့ထဲကို ပစ်နေတာ စစ်ခွေးတွေက”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ယ‌မန်နေ့(အောက်တိုဘာ ၂၃ရက်)ညနေကလည်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့က လူထိတယ် မကြားသေးဘူး။ မနေ့ကတော့ ဝက်တစ်ကောင်သေတယ်။ လူတွေလည်း မနေရဲကြတော့လို့ ဗန်းမော်မှာ တက်ရှောင်နေကြပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။

KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ဓာတုဗုံးအမျိုးအစားကို အသုံးပြုနေကြောင်း ဒေသခံများက သံသယရှိနေသည်။

“တောင်ကြောတွေဘက် ဗုံးကြဲလို့ ပေါက်ကွဲပြီးရင် အနံ့စူးစူးတွေ ထွက် ထွက်လာတယ်။ဓာတုတစ်မျိုးမျိုးပါတယ်လို့ ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မိုးမောက်မြို့တွင် အရပ်သားနေရာများအား ဦးတည်တိုက်ခိုက်နေသလို ယမန်နေ့ညကလည်း ဖားကန့်မြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကချင်တိုင်းရင်သားအချို့ သေဆုံးခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ည ၈နာရီခန့်က KIA တပ်မဟာ(၉)နယ်မြေတွင် KIO အထိမ်းအမှတ်နေ့ပွဲ ကြိုကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ သေဆုံးသူ ၃၅ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၃၆ဦးရှိကြောင်း ကချင်သတင်းရင်းမြစ်က ယနေ့ (အောက်တိုဘာ ၂၄ရက်) ညနေ ၄ နာရီခန့်တွင် People’s Springသို့ ပြောကြားသည်။

မြေပြင်အခြေအနေများနှင့်ပတ်သက်၍ KIAဘက်က သီးခြားသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်