Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင်တိုက်ပွဲဖြစ် စစ်​ကောင်စီရုံးတစ်ရုံးမီး​လောင်

“တိုက်ပွဲကနေ့လယ်ကတည်းကဖြစ်တာ။ကလေးတွေကမြို့ထဲဘက်ဝင်လာတာ။အခုညနေလည်းပစ်နေကြတုန်းပဲ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

(တမူးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PDF-တမူး)
(တမူးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PDF-တမူး)

တမူးမြို့တွင် ယနေ့ နေ့လယ် ၁၂နာရီဝန်းကျင်မှစ၍ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်နေပြီး ညနေပိုင်းတွင် စော်ဘွားရပ်ကွက်(၅)ရှိ စစ်ကောင်စီရုံးတစ်ရုံး မီးလောင်ကျွမ်းနေ​ကြောင်းဒေသခံများကပြောသည်။

“တိုက်ပွဲကနေ့လယ်ကတည်းကဖြစ်တာ။ကလေးတွေကမြို့ထဲဘက်ဝင်လာတာ။အခုညနေလည်းပစ်နေကြတုန်းပဲ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

စော်ဘွားရပ်ကွက်(၅)သည် တမူး-ကလေးအာရှလမ်းမကြီးဘေးတွင် ရှိသည်။ လမ်းမကြီးအနီးရှိ စစ်ကောင်စီလက်အောက်ခံပို့ဆက်ဌာနရုံးသည် ယနေ့(အောက်တိုဘာလ ၂၈ရက်) လေးနာရီခန့်တွင် မီးလောင်ကျွမ်းနေသည်ဟု မျက်မြင်တွေ့သူများကပြောသည်။

Public Service Announcement
Public Service Announcement

“မီးတောက်က ကြီးတယ်။အဲ့နားမှာတင်ပစ်ခတ်နေကြတုန်းပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တမူးပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်အချို့သည်ယမန်နေ့(အောက်တိုဘာလ ၂၇ရက်)ညကတမူးမြို့ထဲအထိဝင်လာပြီး မြို့ပေါ်လမ်းမတွင်” ငါတို့မြို့ ငါတို့ပိုင်ရမည်”ဟူသော စာသားကို မှုတ်ဆေးဗူးဖြင့် မှုတ်ခဲ့ကြသည်။ ထို့နောက် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်များတွင် အင်းအားတိုးမြှင့်နေသည်ဟုဒေသခံများကပြောသည်။

တိုက်ပွဲအခြေအနေအ​သေးစိပ်ကိုမသိရသေးဘဲမကြာခင်ထုတ်ပြန်မည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။