Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင်တိုက်ပွဲဖြစ် စစ်​ကောင်စီရုံးတစ်ရုံးမီး​လောင်

“တိုက်ပွဲကနေ့လယ်ကတည်းကဖြစ်တာ။ကလေးတွေကမြို့ထဲဘက်ဝင်လာတာ။အခုညနေလည်းပစ်နေကြတုန်းပဲ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

(တမူးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PDF-တမူး)
(တမူးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PDF-တမူး)

တမူးမြို့တွင် ယနေ့ နေ့လယ် ၁၂နာရီဝန်းကျင်မှစ၍ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်နေပြီး ညနေပိုင်းတွင် စော်ဘွားရပ်ကွက်(၅)ရှိ စစ်ကောင်စီရုံးတစ်ရုံး မီးလောင်ကျွမ်းနေ​ကြောင်းဒေသခံများကပြောသည်။

“တိုက်ပွဲကနေ့လယ်ကတည်းကဖြစ်တာ။ကလေးတွေကမြို့ထဲဘက်ဝင်လာတာ။အခုညနေလည်းပစ်နေကြတုန်းပဲ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

စော်ဘွားရပ်ကွက်(၅)သည် တမူး-ကလေးအာရှလမ်းမကြီးဘေးတွင် ရှိသည်။ လမ်းမကြီးအနီးရှိ စစ်ကောင်စီလက်အောက်ခံပို့ဆက်ဌာနရုံးသည် ယနေ့(အောက်တိုဘာလ ၂၈ရက်) လေးနာရီခန့်တွင် မီးလောင်ကျွမ်းနေသည်ဟု မျက်မြင်တွေ့သူများကပြောသည်။

Public Service Announcement
Public Service Announcement

“မီးတောက်က ကြီးတယ်။အဲ့နားမှာတင်ပစ်ခတ်နေကြတုန်းပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တမူးပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်အချို့သည်ယမန်နေ့(အောက်တိုဘာလ ၂၇ရက်)ညကတမူးမြို့ထဲအထိဝင်လာပြီး မြို့ပေါ်လမ်းမတွင်” ငါတို့မြို့ ငါတို့ပိုင်ရမည်”ဟူသော စာသားကို မှုတ်ဆေးဗူးဖြင့် မှုတ်ခဲ့ကြသည်။ ထို့နောက် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်များတွင် အင်းအားတိုးမြှင့်နေသည်ဟုဒေသခံများကပြောသည်။

တိုက်ပွဲအခြေအနေအ​သေးစိပ်ကိုမသိရသေးဘဲမကြာခင်ထုတ်ပြန်မည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။