Connect with us

Hi, what are you looking for?

သတင်း

အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု လက်မခံနိုင်ကြောင်း ဖော်ပြမည့် ယနေ့ည မီးပိတ်သပိတ်တွင် ပြည်သူများ ပါဝင်ရန် ကသာပအဖ တိုက်တွန်း

ကသာမြို့နယ်အတွင်းရှိ မိဘပြည်သူများအားလုံး ကချင်သွေးချင်းများနှင့်အတူ သွေးစည်းကြောင်းပြသရင်း မီးပိတ်သပိတ်လှုပ်ရှားမှုကြီးတွင် ပါဝင်ပေးကြပါရန် လေးစားစွားနှိုးဆော်တိုက်တွန်းကြောင်း ကသာပအဖက ထုတ်ပြန်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အနန့်ပါဒေသ၌စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အပေါ်လက်မခံနိုင်ကြောင်း ဖော်ပြမည့် မီးပိတ်သပိတ်ကို ယနေ့ည ၈နာရီခွဲမှစတင်ပြုလုပ်မည်ဖြစ်ရာ ပြည်သူများ ပါဝင်ကြရန် ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က တိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်သည်။

စစ်ကောင်စီ၏အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုကြောင့် KIO/KIA ရဲဘော်များ ၊ ကချင်အနုပညာရှင်များ နှင့် အပြစ်မဲ့အရပ်သားပြည်သူများစွာ ထိခိုက်ကျဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် ပြည်သူတစ်ရပ်လုံးက လုံးဝ(လုံးဝ)လက်မခံနိုင်ကြောင်း တုံ့ပြန်သည့်အနေဖြင့် ယနေ့ အောက်တိုဘာ ၂၈ရက် ည ၈နာရီခွဲမှစ၍ ၁၀မိနစ်ကြာ မီးပိတ်သပိတ် ပြုလုပ်မည်ဖြစ်သည်။

ကသာမြို့နယ်အတွင်းရှိ မိဘပြည်သူများအားလုံး ကချင်သွေးချင်းများနှင့်အတူ သွေးစည်းကြောင်းပြသရင်း မီးပိတ်သပိတ်လှုပ်ရှားမှုကြီးတွင် ပါဝင်ပေးကြပါရန် လေးစားစွားနှိုးဆော်တိုက်တွန်းကြောင်း ကသာပအဖက ထုတ်ပြန်သည်။

အောက်တိုဘာ ၂၃ရက်ညပိုင်းက ဖြစ်ပွားခဲ့သည့် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှု တွင် ပြည်သူလူထုများ၊ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် kIO စစ်ဘက် အရပ်ဘက် ဝန်ထမ်းများ စုစုပေါင်း ၆၀ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၆၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတိုက်ပွဲဖြစ်ပွားနေတဲ့လမ်းပိုင်းနေရာတွေအသုံးမပြုဖို့ ကသာခရိုင် ထုတ်ပြန်