Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးပြီးဆုံး

စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မြန် ဆန်ဆန် အကောင်အထည် ဖော်ရမယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးပြီးဆုံး
မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးပြီးဆုံး

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချရမယ့်အချိန်အခါကျရောက်လာပြီ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရ်ှနန်က ဒီနေ့ ဂျာကာတာမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာပြောလိုက်ပါတယ်။

ဒီနေ့အစည်းအဝေးဟာ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးဖြစ်ပြီး လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးရမယ့် အချက်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖေ့ဘွတ်ခ်ကနေအသိပေးထားပါတယ်။

မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးပြီးဆုံး
မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးပြီးဆုံး

ကချင်ပြည်နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲဖြစ်စဉ် အပေါ် အာဆီယံက အလေးထားစိုးရိမ်ကြောင်း ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မြန် ဆန်ဆန် အကောင်အထည် ဖော်ရမယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် မြန်မာနိုင်ငံအတွက် အာဆီယံဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ကို ချရမယ့်အချိန်ရောက်လာပြီး ဒီနေ့အစည်းအဝေးဟာ နိုဝင်ဘာလ ထိပ်သီးအစည်းအဝေးမှာအကြံပြုရမယ့်အချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စင်ကာပူအခြေစိုက် The Straits Times သတင်းစာက လာမယ့်နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်ကို ဖိတ်သင့်တယ်လို့ ရေးသားဖော်ပြလာတာရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook