Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁,၆၁၈ဦး သေ

တိုက်ပွဲပေါင်း ၅၀၀ ကျော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီဒေသသို့ လေကြောင်းမှ (၁၇၃)ကြိမ်ထက်မနည်း ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(ယခုနှစ် စက်တင်ဘာလအတွင်းက ဖရူဆိုနှင့် မိုးဗြဲ မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - KNDF)
(ယခုနှစ် စက်တင်ဘာလအတွင်းက ဖရူဆိုနှင့် မိုးဗြဲ မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - KNDF)

ကရင်နီပြည် ကာကွယ်ရေးတပ်များမှ ရဲဘော် ၁၈၃ဦးကျဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ(ကယား)ပြည်နယ် တိုက်ပွဲများ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၁,၆၁၈ဦး အထိရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) က ယနေ့(နိုဝင် ဘာ ၁ ရက်) ထုတ်ပြန်သည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာတွင် ကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ရဲဘော် ၁၈၃ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

(ယခုနှစ် စက်တင်ဘာလအတွင်းက ဖရူဆိုနှင့် မိုးဗြဲ မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - KNDF)
(ယခုနှစ် စက်တင်ဘာလအတွင်းက ဖရူဆိုနှင့် မိုးဗြဲ မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ – KNDF)

တိုက်ပွဲပေါင်း ၅၀၀ ကျော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီဒေသသို့ လေကြောင်းမှ (၁၇၃)ကြိမ်ထက်မနည်း ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“အခုဒီနေ့ထိလည်း တိုက်ပွဲတွေရှိနေတယ်။အထူးသဖြင့် ဆောင်ကန်းရွာအနီးမှာ နှစ်ဖက်ထိတွေ့မှု ပြင်းထန်နေတယ်။စကစက လွိုင်ကော်- မိုးဗြဲ လမ်းမကြီးကို ထိန်းချုပ်ဖို့ထိုးစစ်ဆင်နေတာ”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

(ယခုနှစ် စက်တင်ဘာလအတွင်းက ဖရူဆိုနှင့် မိုးဗြဲ မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - KNDF)
(ယခုနှစ် စက်တင်ဘာလအတွင်းက ဖရူဆိုနှင့် မိုးဗြဲ မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ – KNDF)

ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ် အောက်တိုဘာလကုန်အထိ ကရင်နီပြည်၌စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူ ၂၈၂ ဦးအထိရှိကြောင်း အသိပေးသည်။

ထို့အပြင် စစ်ဘေးရှောင်နေစဥ် သေဆုံးခဲ့ရသည့် ပြည်သူ ၉၇ ဦးရှိပြီး အများစုမှာ စစ်ကောင်စီ၏ လက်နက်ကြီး ထိမှန်ခြင်း၊လေကြောင်းတိုက်ခိုက်ခံရမှုများ အပါအဝင် ဆေးဝါးမလုံလောက်ခြင်းနှင့် ဆေးဝါးကောင်းမွန်စွာကုသခွင့်မရရှိခြင်းကြောင့်ဟု PKPF က ပြောသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံထားရသော ပြည်သူအရေအတွက်မှာလည်း ၂၈၀ ဦးထိရှိကာ လွိုင်ကော်ထောင်မှ မန္တလေးအကျဥ်းထောင်သို့ လွှဲပြောင်းခံရသူအချို့ ရှိကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ