Connect with us

Hi, what are you looking for?

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် PRA Magwayတို့ တွေ့ဆုံဆွေး‌နွေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မည်

ယင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးရည်မွန်နှင့် PRA Magway မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၃၀ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းကဲ့သို့ သဘောတူညီမှုရယူခဲ့ကြခြင်းဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် PRA Magwayတို့ တွေ့ဆုံဆွေး‌နွေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မည်
NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် PRA Magwayတို့ တွေ့ဆုံဆွေး‌နွေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မည်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA Magway)တို့ စစ်ရေးအရပူးပေါင်းဆောင်ရွက်ရန်နှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည် ဖော်ရာတွင်ပါဝင်ကူညီရန် သဘောတူညီခဲ့ကြသည်ဟု ယနေ့(နိုဝင်ဘာ ၁ရက်) သတင်းထုတ်ပြန်သည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန (MOD)မှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)ကို လေးစားလိုက်နာလျက် အမိန့်ပေးကွပ်ကဲမှုကွင်းဆက် (Chain of Command) တွင်ပါဝင်ရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသတွင်းစစ်ရေးအရပူးပေါင်းဆောင်ရွက်ရန်နှင့်ကြားကာလပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူညီခဲ့ကြပါသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးရည်မွန်နှင့် PRA Magway မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၃၀ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းကဲ့သို့ သဘောတူညီမှုရယူခဲ့ကြခြင်းဖြစ်သည်။

“ဒီလိုပေါင်းစည်းမှုမျိုးဖြစ်ဖို့ အချိန်အတော်ယူပြီး ကြိုးစားညှိနှိုင်းခဲ့ရတယ်။MOD ရဲ့ မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ သဘောထားကြီးမှုများအရ အခုလို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ PRA Magwayရဲ့ ရပ်တည်ချက်၊ ဖွဲ့စည်းပုံများကိုလည်း မူလအတိုင်း လုပ်ငန်းစဉ်မပျက်‌ ဆောင်ရွက်နိုင်ပြီး စစ်ဆင်ရေးကိစ္စတွေကို အတူလက်တွဲ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်”ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA – Magway)က ထပ်ဆင့်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။