Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်၌ အောက်တိုဘာအတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ၂၈ဦးသေ

လွိုင်ကော်မြို့နယ် ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲများပြင်းထန်နေပြီး ရှားတော၊ ဘောလခဲနှင့်ဖရူဆိုမြို့နယ်တို့တွင် ကရင်နီပူးပေါင်းတပ်များမှ စစ်ကောင်စီတပ်စခန်းများ နှင့် ကင်းပုံးစခန်းများအား အရှိန်မြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကရင်နီပြည်၌ အောက်တိုဘာအတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ၂၈ဦးသေ
ကရင်နီပြည်၌ အောက်တိုဘာအတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ၂၈ဦးသေ

ကရင်နီ(ကယား)ပြည်နယ်၌ အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၃၂ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးသူ ၂၈ဦးရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယနေ့(နိုဝင်ဘာ ၁ ရက်).ထုတ်ပြန်သည်။

လွိုင်ကော်မြို့နယ် ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲများပြင်းထန်နေပြီး ရှားတော၊ ဘောလခဲနှင့်ဖရူဆိုမြို့နယ်တို့တွင် ကရင်နီပူးပေါင်းတပ်များမှ စစ်ကောင်စီတပ်စခန်းများ နှင့် ကင်းပုံးစခန်းများအား အရှိန်မြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့ပတ်ဝန်းကျင် ကျေးရွာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

ကရင်နီပြည်၌ အောက်တိုဘာအတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ၂၈ဦးသေ
ကရင်နီပြည်၌ အောက်တိုဘာအတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ၂၈ဦးသေ

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရှမ်း-ကယားနယ်စပ်ဖြစ်သော ပီကင်းကောခူ၊ ဆောင်ကန်းကျေးရွာများနှင့် မိုးဗြဲမြို့အထိ နယ်မြေထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် လွိုင်ကော်မြို့မှ ရှမ်း-ကယားနယ်စပ် ဖြစ်သော ဆောင်ကန်းကျေးရွာနှင့် ဝါရီကိုင်းကျိုင်းကျေးရွာဘက်သို့ အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကရင်နီ ပူးပေါင်းတပ်များနှင့် ထိပ်တိုက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဟု KNDFက ပြောသည်။

Public Service Announcement
Public Service Announcement

“ဒီနေ့ လွိိုင်ကော်ထဲကို လက်နက်ကြီးတွေနဲ့ စကစက မနက်ပိုင်းကတည်းက ရမ်းပစ်​နေတာ။အဲဒါကြောင့် လင်ဖုံကြီး နဲ့ဝမ်ပန်ကျေးရွာထဲကို လက် နက်ကြီးကျည်ကျပြီး ပြည်သူလေးဦး လက်နက်ကြီးကျည်စ ထိမှန်တယ်။နေအိမ်တချို့လည်း ပျက်စီးခဲ့ရတယ်။အဲဓိကတော့ သူတော့ စစ်ဆင် ရေးမှာ လူအင်အား မနိုင်တော့ လက်နက်ကြီးနဲ့ပဲ ပစ်ကူနေရတာက တော်တော် ထင်ရှားနေတယ်”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

အောက်တိုဘာအတွင်းက လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းနှင့်ရှားတောမြို့နယ်တို့တွင်လည်းစစ်ကောင်စီတပ်စခန်းများ၊ ကင်းပုန်းစခန်းများကို ကရင်နီပူးပေါင်းတပ်များမှ ရှောင် တခင် တိုက်ခိုက်သည့်အပြင် ထောက်ပို့လမ်း ကြောင်းများကို ဖြတ်တောက် တိုက်ခိုက်ခဲ့သည်။

ကရင်နီပြည်၌ အောက်တိုဘာအတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ၂၈ဦးသေ
ကရင်နီပြည်၌ အောက်တိုဘာအတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ၂၈ဦးသေ

ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ စစ်ကောင်းစီ၏ မဲ့စလောင်းတောင် တပ်စခန်းအနီးတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး ဘောလခဲမြို့ အဝင် အထွက် စစ်ကောင်စီတပ်၏ဂိတ်များကိုလည်း ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အလားတူ ဖရူဆိုမြို့နယ်တွင်လည်း စစ်ကာင်စီတပ်စွဲထားသော မြို့မရဲစခန်းနှင့် ဖရူဆိုမြို့အဝင် ထီးကလူဒေါကျေးရွာရှိ ကင်းစခန်းများကို ကရင် နီပူးပေါင်းတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်တိုက် ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ မာခရော့ရှေးတပ်စခန်းနှင့် အ မှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်း အနီးရှိကင်းစခန်းများကိုကရင်နီပူးပေါင်းတပ်ဖွဲ့မှ အလစ်အငိုက်တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေး သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်ကြားရှိ ကျေးရွာများဘက်သို့ လှုပ်ရှားလျက်ရှိသောကြောင့် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သေးဆူလဲကျေးရွာနှင့် အနီးဝိုက်ကျေးရွာများတွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အောက် တိုဘာအတွင်း အရပ်သားများကို ပစ်မှတ်ထားပြီး ဒီးမော့ဆိုမြို့နယ် ၊လွိုင်ကော်၊ဖရူဆိုမြို့နယ်များရှိ ပြည်သူများခိုလှုံနေသောစစ်ရှောင်စခန်းများနှင့် လူနေရပ်ကွက်များသို့ လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ သုံးဦး သေဆုံးခဲ့ရကာ ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်နေသည့်စစ်ကောင်စီ၏ တပ်မ(၆၆)မှ တပ်သားတစ်ဦးမှာ အောက်တိုဘာလအတွင်းက ပြည်သူဘက်သို့ဘက်ပြောင်း CDM ပြုလုပ်ခဲ့သည်။

အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ငါးဦး ရဲရင့်စွာကျဆုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook