Connect with us

Hi, what are you looking for?

သတင်း

စစ်ကော်စီအား ပြင်းထန်သောတုန့်ပြန်မှုပြုလုပ်သွားမည်ဟု ကရင်နီ(ကယား) တပ်ပေါင်းစု သတိပေး

အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်သည် စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုများကို ကျူးလွန်ခြင်း၊ လူ့အခွင့်အရေးနှင့် လူသားမျိုးနွယ်အားလုံးအပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုဖြစ်၍ KRF မှ ပြင်းထန်စွာကန့်ကွက်ရှို့ချသည်ဟု ထုတ်ပြန်သည်။

ကရင်နီ(ကယား) တပ်ပေါင်းစု
ကရင်နီ(ကယား) တပ်ပေါင်းစု

အကြမ်းဖက်စစ်ကောင်စီသည် စစ်မြေပြင်တွင်သာမက အချိန်အခါနေရာမရွေး မတရား သတ်ဖြတ်နေခြင်းအပေါ် ကန့်ကွက်ရှုတ်ချပြီး ထို့အတွက်လည်း ပြင်းထန်စွာတုန့်ပြန်သွားမည်ဟု ကရင်နီ(ကယား)တော်လှန်ရေးတပ်ပေါင်းစု (KRF)က ယနေ့ (ဇူလိုင် ၂၇) သတိပေး ထုတ်ပြန်လိုက် သည်။

စစ်ကောင်စီ၏ ဇူလိုင် ၂၄ရက်တွင်ထုတ်ပြန်သော ‘သေဒဏ်ကျခံရမည့် အကျဥ်းသား (၄)ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း’ဟူသည့် ခေါင်းစဥ်ဖြင့် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်စသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးကို မတရားသေဒဏ်စီရင်ပြီးစီးကြောင်း ကြားသိရသဖြင့် များစွာစိတ်မကောင်း ဖြစ်ရကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်သည် စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုများကို ကျူးလွန်ခြင်း၊ လူ့အခွင့်အရေးနှင့် လူသားမျိုးနွယ်အားလုံးအပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုဖြစ်၍ KRF မှ ပြင်းထန်စွာကန့်ကွက်ရှို့ချသည်ဟု ထုတ်ပြန်သည်။

“စစ်ကောင်စီ၏လုပ်ရပ်သည် တရားမျှတမှုမရှိသော တရားစီရင်မှုဖြစ်သဖြင့် လူသတ်မှုအဖြစ်သာ မှတ်ယူမည်ဖြစ်ပါသည်”ဟု KRFက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် KRF အနေဖြင့် စစ်ကောင်စီ၏ထိုလုပ်ရပ်အပေါ် ပြင်းထန်စွာ တုန့်ပြန်သွားမည်ဖြစ်ပြီး အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တော်လှန်သွား မည်ဟု ကတိပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook