Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်-အနန့်ပါလေကြောင်းတိုက်ခိုက်မှုအတွက်ယ​နေ့ည၈ နာရီခွဲတွင်တစ်နိုင်ငံလုံးမီးပိတ်သပိတ်ပြုလုပ်မည်

ယနေ့(အောက်တိုဘာလ ၂၈ ရက်နေ့) ည ၈ နာရီ ၃၀ မိနစ်မှစ၍ ၁၀ မိနစ် တိတိ မီးပိတ်၊ မီးမှိတ် အမှောင်ချခြင်းလှုပ်ရှားမှုကို ပြုလုပ်ကြမည်ဖြစ်သည်။ သပိတ်စတင်မည့် ည၈နာရီအချိန်သည် ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်ဖြစ်သည်။

ဖားကန့်-အနန့်ပါလေကြောင်းတိုက်ခိုက်မှုအတွက်ယ​နေ့ည ၈ နာရီခွဲတွင်တစ်နိုင်ငံလုံးမီးပိတ်သပိတ်ပြုလုပ်မည်
ဖားကန့်-အနန့်ပါလေကြောင်းတိုက်ခိုက်မှုအတွက်ယ​နေ့ည ၈ နာရီခွဲတွင်တစ်နိုင်ငံလုံးမီးပိတ်သပိတ်ပြုလုပ်မည်

စစ်ကောင်စီ၏ ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအတွက် မြန်မာတစ်နိုင်ငံလုံး ယနေ့ည၈နာရီခွဲ၌ မီးပိတ်သပိတ်ပြုလုပ်ကြရန် သပိတ်​ခေါင်း​ဆောင်များ၊​ တော်လှန်​ရေးအင်အားစုများကတိုက်တွန်းထားသည်။

ယနေ့(အောက်တိုဘာလ ၂၈ ရက်နေ့) ည ၈ နာရီ ၃၀ မိနစ်မှစ၍ ၁၀ မိနစ် တိတိ မီးပိတ်၊ မီးမှိတ် အမှောင်ချခြင်းလှုပ်ရှားမှုကို ပြုလုပ်ကြမည်ဖြစ်သည်။ သပိတ်စတင်မည့် ည၈နာရီအချိန်သည် ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်ဖြစ်သည်။

ဖားကန့်-အနန့်ပါလေကြောင်းတိုက်ခိုက်မှုအတွက်ယ​နေ့ည ၈ နာရီခွဲတွင်တစ်နိုင်ငံလုံးမီးပိတ်သပိတ်ပြုလုပ်မည်
ဖားကန့်-အနန့်ပါလေကြောင်းတိုက်ခိုက်မှုအတွက်ယ​နေ့ည ၈ နာရီခွဲတွင်တစ်နိုင်ငံလုံးမီးပိတ်သပိတ်ပြုလုပ်မည်

ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီး၌ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးအဆက်ဆက်၌ ကျဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် ပြည်သူအားလုံးက “မီးပိတ်သပိတ် လူထုလှုပ်ရှားမှု” ကြီး ဆင်နွှဲကြရန် မီးပိတ်သပိတ် လူထုလှုပ်ရှားမှု ဦးဆောင်သူများက နှိုးဆော်သည်။

” ဒီသတ်မှတ် နေ့ရက်နဲ့ အချိန်မှာ မိမိတို့ အိမ်များ၊ လမ်းများ၊ အဆောက်အဦများက လျှပ်စစ်မီးအပါအဝင် မီးအားလုံးကို ပိတ်၊ အမှောင်ချထားကြဖို့ ဖြစ်ပါတယ်။ အဲ့ဒီညမှာ မီးပိတ်သပိတ် လှုပ်ရှားမှုအပြင် ကျဆုံးပုဂ္ဂိုလ်များအတွက် မိမိတို့ ယုံကြည်မှု ဘာသာတရားအလိုက် ဆုတောင်းမှုများ၊ ကချင်လူထုနဲ့ အတူရပ်တည်ကြောင်း ရည်ညွှန်း သရုပ်ဖော် လှုပ်ရှားမှုများကိုလည်း တပါတည်း ဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။”ဟု မီးပိတ်သပိတ် လူထုလှုပ်ရှားမှု ဦးဆောင်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကချင်ဒေသကိုထိတာက တစ်နိုင်ငံလုံးကို ထိတာပဲ။ ဗုံးဆန်မှန်ခြင်းသည် တစ်နိုင်ငံလုံးက ပြည်သူလူထုကို မှန်ခြင်းလို့ ခံစားသိမှတ်ပါတယ်။ ဒီနွေဦးတော်လှန်ရေးကာလမတိုင်မီကဆိုရင် အချို့သော ညီနောင်တိုင်းရင်းသားတို့က ဒီဖက်ဆစ်စစ်တပ်ကို ဗမာစစ်တပ် မြန်မာစစ်တပ်လို့ အလွယ်တကူနားလည်သဘောပေါက်မှုတွေ ရှိခဲ့ပါတယ်။ ဒီတော်လှန်ရေးကာလမှာတော့ ဒီဖက်ဆစ်တွေသည် ဘယ်ဒေသ ဘယ်လူမျိုးကိုမှ ကိုယ်စားမပြုဘူး။ ဒင်းတို့သည် ဖက်ဆစ်ဝါဒီ မိစ္ဆာဝါဒီတွေသာဖြစ်တယ်ဆိုတာသိသွားကြပါပြီ။

….လက်သည်းဆိတ်ရင် လက်ထိပ်နာတယ်ဆိုသလိုပဲကချင်မြေကိုထိတာသည် တစ်နိုင်ငံလုံးကို ငြိတာပါပဲ။ သွေးစည်းညီညွတ်မှုကို အခြေတည်ပြီး တစ်နိုင်ငံလုံး တော်လှန်ရေးအရှန်မြှင့်တင်ရမယ့်အချိန်တန်ပြီလို့ တိုက်တွန်းပြောကြားလိုပါတယ်။”ဟု လူထုအရေးတော်ပုံအား ဦးဆောင်​နေသူတစ်ဦးဖြစ်​သော ကိုတေဇာဆန်းကပြောသည်။

မုံရွာမြို့မှ လူထုသပိတ်ဦးဆောင်သူ ကိုသန်းကျော်ဦးကလည်း “အိမ်မှာရှိတဲ့ မီးလေးတွေကိုပိတ်ပြီး အမှောင်ကမ္ဘာကိုဖန်တီးကြမယ်။ အမှောင်ကမ္ဘာရဲ့ တိတ်ဆိတ်မှုနဲ့အတူ ရိုက်ခတ်တဲ့ ကြောက်ရွံ့မှုတွေကို အာဏာရှင်လက်နက် အားကိုး စကစ တွေကိုပေးပြီး ခံစားကြည့်လိုက်ကြရအောင်။ ၅/ တွေညီတယ်ဆိုတာသိပါတယ်။”ဟု တိုက်တွန်းသည်။

ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးအတွက် စိတ်ထဲမှ ဝမ်းနည်း၊ ကြေကွဲ၊ နာကြည်းနေရုံမျှ တင်းတိမ်မနေကြဘဲဝမ်းနည်းနာကြည်းစိတ်ကို တော်လှန်ရေးခွန်အားအဖြစ် လက်တွေ့ကျကျ ပြောင်းလဲဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူလူထုတရပ်လုံး၊ တနိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်မည့် “လူထုတိုက်ပွဲ လှုပ်ရှားမှု” ကြီးတရပ် ဖော်ဆောင်ကြရန် မီးပိတ်သပိတ် လူထုလှုပ်ရှားမှု ဦးဆောင်သူများက နှိုးဆော်တိုက်တွန်းသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ် အနန့်ပါဒေသ ကံဆီးကျေးရွာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ ( ၆၂ )နှစ်ပြည့်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲပြုလုပ်စဉ် အကြမ်းဖက်စစ်တပ်မှ ဂျက်တိုက်လေယာဥ် များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ( ၈၀ ) ကျော်ခန့် အသက်ဆုံးရှုံးခဲ့ရပြီး လူဦးရေရာနှင့်ချီ၍ ထိခိုက်ဒဏ်ရာရခဲ့သည်။

အာဏာရှင်တို့သည် ယင်းတို့ အာဏာတည်မြဲနိုင်ဖို့ မည့်သည့် စစ်ရာဇဝတ်မှုကိုမျှ ဂရုမပြုဘဲ အဆုံးစွန်ထိ ရက်စက်ယုတ်မာသွား မည်ဖြစ်ကြောင်း၊ ညီနောင်တိုင်းရင်းသားများအား ပို၍ သွေးစည်းညီညွတ်မှုကိုသာ ဖြစ်စေမည်ဖြစ်တာကြောင့် လက်သည်းဆိတ် လက်ထိပ်ကနာဆိုသလို ကချင်လူထုနှင့် အတူရပ်တည်ကြောင်းပြသ၍ သွေးစည်းညီညွတ်မှုကို ထုတ်ဖော်ပြသရန် အချိန်တန်ပြီဖြစ်ကြောင်း General Strike Coordination Body-GSCBက အသိပေးသည်။

သို့ဖြစ်ပါ၍ ဖားကန့် – အနန့်ပါ လေကြောင်းပစ်ခတ်မှုအတွက် ဝမ်းနည်းကြေကွဲမှု ၊ နာကြည်းစိတ် တို့အား တော်လှန်ခွန်အားအဖြစ် အသွင်ပြောင်း၍ တော်လှန် အဟုန်အား အရှိန်မြှင့် တိုက်ပွဲဝင်ကြရန် General Strike Coordination Body-GSCBက နှိုးဆော်တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။