Connect with us

Hi, what are you looking for?

သတင်း

မြင်းမူထွေအုပ်ရုံးအနီး ပေါက်ကွဲမှုဖြစ်၊ စစ်အုပ်စုက လက်နက်ကြီး​ဖြင့် ပစ်ခတ်

နံနက် ၁၁ နာရီကျော်ခန့်ကလည်း စစ်ကောင်စီစစ် ကြောင်းတစ်ကြောင်းသည် မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှ အလ္လကပ္ပရွာ ဥယျာဥ်တောခြံထဲသို့ ရောက်ရှိလာခဲ့သည်။

မြင်းမူထွေအုပ်ရုံးအနီး ပေါက်ကွဲမှုဖြစ်၊ စစ်အုပ်စုက လက်နက်ကြီး​ဖြင့် ပစ်ခတ်
မြင်းမူထွေအုပ်ရုံးအနီး ပေါက်ကွဲမှုဖြစ်၊ စစ်အုပ်စုက လက်နက်ကြီး​ဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ထွေအုပ်ရုံးအနီးတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုအချို့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၄ ရက်) နံနက် ၉ နာရီခွဲခန့်က မြင်းမူမြို့ စစ်ကောင်စီအုပ်စုတပ်စွဲရာ ထွေအုပ်ရုံးဝန်းကျင် ပေါက်ကွဲသံ နှစ်ချက်ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်များကလ​ည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

နံနက် ၁၁ နာရီကျော်ခန့်ကလည်း စစ်ကောင်စီစစ် ကြောင်းတစ်ကြောင်းသည် မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှ အလ္လကပ္ပရွာ ဥယျာဥ်တောခြံထဲသို့ ရောက်ရှိလာခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် မြင်းမူ-အလ္လကပ္ပ အနောက်ရိပ်သာ ကားလမ်းတောင်ဘက်မှ ကျော့မင်းရွာ အရှေ့ဘက်ကို (၆၀)မမ လက်နတ်ကြီးဖြင့် သုံးချက်ပစ်ခတ်ခဲ့ပြီး ပြည်သူ ထိခိုက်မှုရှိမရှိ မသိရသေးဟု ဒေသခံတို့က ပြောသည်။

“ဒီနေ့ မနက် စခတပ်က တပ်မ ၃၃ ဘက်တံဆိပ်တွေ လက်ပက်အနီ ခြင်းကြားတွေနဲ့ပါ။”ဟု MUA အဖွဲ့မှ ကိုတိုက်ဂါး(မြောင်)က ပြောသည်။

အဆိုပါစစ်ကြောင်းသည် လက္ကပင်ရွာဘက်သို့ ဦးတည်နေပြီး မြောင်နယ်နှင့် ရွှေပေါက်ပင် ပြည်သူများ အထူး ဂရုစိုက်ကြရန် MUA အဖွဲ့မှ ကိုတိုက်ဂါး (မြောင်)က ပြောသည်။

နိုဝင်ဘာ ၃ရက် နံနက် ၉ နာရီခွဲခန့်ကလည်း မြင်းမူမြို့နယ်၊ ရွှေယင်းမာကျေးရွာသို့ဝင်ရောက်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြည်သူ့နေအိမ်များကို ဖျက်ဆီးခဲ့ပြီး ညနေပိုင်း၌ ရွာကိုမီးရှို့ခဲ့၍ နေအိမ် ၆လုံးမီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

Facebook