Connect with us

Hi, what are you looking for?

သတင်း

လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာသည့် စစ်သားကို NUG က ကျပ်သိန်းလေးဆယ်ဝန်းကျင်ပေးအပ်

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ကော်ဘရာစစ်ကြောင်းထံ CDM ဝင်ရောက်လာခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာသည့် စစ်သားကို NUG က ကျပ်သိန်းလေးဆယ်ဝန်းကျင်ပေးအပ်
လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာသည့် စစ်သားကို NUG က ကျပ်သိန်းလေးဆယ်ဝန်းကျင်ပေးအပ်

CDM ဝင်လာသည့်စစ်သားကို NUG ကာကွယ်ရေးဝန်းကြီးဌာနက မြန်မာငွေကျပ် သိန်း လေးဆယ်ဝန်းကျင်တန်ဖိုးနှင့်ညီမျှတဲ့ ဘတ် ငါးသောင်း ကိုပေးအပ်လိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ကော်ဘရာစစ်ကြောင်းထံ CDM ဝင်ရောက်လာခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာသည့် စစ်သားကို NUG က ကျပ်သိန်းလေးဆယ်ဝန်းကျင်ပေးအပ်
လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာသည့် စစ်သားကို NUG က ကျပ်သိန်းလေးဆယ်ဝန်းကျင်ပေးအပ်

စစ်ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)မှ တပ်ဖွဲ့ဝင်တစ်ဦးသည် MA(3)သေနတ်တစ်လက်၊ ကျည်ဘောက်လေးခု၊ ကျည်ဆံတောင့်(၁၀၀)တောင့်နှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်ရင်း(၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်းထံသို့ နိုဝင်ဘာ(၅)ရက်တွင် CDM ဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တပ်မဟာ(၆)နယ်မြေဖြစ်သော လူခို့(ညောင်ချောင်း)ဒေသအတွင်းသို့ ကျူးကျော်ရောက်ရှိနေသည့် စစ်ကောင်စီတပ် ခမရ(၂)မှ တပ်သားဟိန်းဇော်ဦးသည် ကော်ဘရာပူးပေါင်းစစ်ကြောင်းထံသို့ ဆက်သွယ်ခိုလှုံကာ CDM ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဘတ်(၅၀၀၀၀) ချီးမြင့်သဖြင့် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောမှ ကိုယ်စားပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။