Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းတွင် ပြည်သူများစားဝတ်နေရေးကျပ် တည်းနေချိန် မြို့သူဌေးများက စစ်အုပ်စုအား တန်ဆောင်တိုင်စားပွဲသောက်ပွဲ ကျင်းပပေးနေ

ဝမ်းတွင်းမြို့နယ်တွင် စစ်အု​ပ်စုက ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးမှုများရှိနေပြီး တော်လှန်ရေးလူမှုကွန်ရက်စာမျက်နှာများ၌ ထင်မြင်ချက် ရေးသားခြင်း၊ Like လုပ်ထားခြင်းများကိုပါ လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းတွင် ပြည်သူများစားဝတ်နေရေးကျပ် တည်းနေချိန် မြို့သူဌေးများက စစ်အုပ်စုအား တန်ဆောင်တိုင်စားပွဲသောက်ပွဲ ကျင်းပပေးနေ
ဝမ်းတွင်းတွင် ပြည်သူများစားဝတ်နေရေးကျပ် တည်းနေချိန် မြို့သူဌေးများက စစ်အုပ်စုအား တန်ဆောင်တိုင်စားပွဲသောက်ပွဲ ကျင်းပပေးနေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် လူကုန်ထံသူဌေးအချို့က စစ်ကောင်စီတပ်အား ကားကအစပေးထားပြီး တန်ဆောင်တိုင်စားသောက်ပွဲများပင် အကုန်အ ကျခံ ပြုလုပ်ပေးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဝမ်းတွင်းမြို့သည် စက်ရက်ကန်းဖြင့်အထည်ထုတ်လုပ်သည့်မြို့တစ်မြို့ဖြစ်ပြီး အာဏာသိမ်းကာလအတွင်း လျှပ်စစ်မီးမမှန်ခြင်း၊ ကုန်ကြမ်းပစ္စည်းများ စံချိန်တင်စျေးမြင့်တက်ခြင်းများကြောင့် မြို့၏စီးပွားရေးအခြေအနေမှာ ကျပ်တည်းနေကြောင်း၊ သို့သော် သူဌေးအချို့ကမူ စစ်ကောင်စီအား တန်ဆောင်တိုင်စားပွဲသောက်ပွဲများပင် ပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

“စက်ရက္ကန်း လျှပ်စစ်မီးကိုအမှီပြုပြီး စီးပွားလုပ်နေရတဲ့မြို့ဆိုတော့ မီးကလာချင်တဲ့အချိန်လာတယ် ပုံမှန်မရှိဘူး။ အဲ့ကျ ပြည်သူတွေရဲ့စားဝတ်နေရေးတွေကတော့လုံးဝအဆင်မပြေပါဘူး။ ဒီလိုတန်ဆောင်တိုင်ဆို မြို့ပေါ် သူဌေးကြီးတွေက မြို့နယ်အတွင်းရှိ စခ/ရခတွေကို အရက်တိုက်တယ် ပျော်ပွဲရွှင်ပွဲလုပ်ပေးတယ် အထူးစပွန်ဆာပေးကြတယ်။”ဟု ဒေသခံများက ​ပြောသည်။

အဆိုပါ သူဌေးများသည် ပြည်သူနှင့် တော်လှန် ရေးအား မျက်ကွယ်ပြုပြီး ၎င်းတို့သြဇာအာဏာရရှိရေးအတွက် စစ်တပ်နှင့်ပူးပေါင်းနေခြင်းဖြစ်ကြောင်း၊ အ​ခြေခံလူတန်းစားများကမူ စစ်ကောင်စီအား ရသည့်အနေအထားဖြင့် ဆက်လက်ဝန်းရံအားပေးနေကြောင်း ဝမ်းတွင်းမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က ဆင်းရဲသားပြည်သူတွေထောက်ပံ့မှုနဲ့ရပ်တည်နေခဲ့တာ ခုချိန်ထိပါ သူဌေးတွေလှူမှဆို WTRF ရှိမလာဘူး။ တချို့ဆို စခ ရခတွေကို သူတို့စီးတဲ့ ကားတောင်ပေးထားကြတယ်။” ဟု Wundwin Towinship Revolution Force အဖွဲ့ တာဝန်ခံက ​ပြောသည်။

ဝမ်းတွင်းမြို့နယ်တွင် စစ်အု​ပ်စုက ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးမှုများရှိနေပြီး တော်လှန်ရေးလူမှုကွန်ရက်စာမျက်နှာများ၌ ထင်မြင်ချက် ရေးသားခြင်း၊ Like လုပ်ထားခြင်းများကိုပါ လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။