Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရမည်းသင်းရှိ လောင်းကစားဝိုင်းတစ်ဝိုင်းအား လက်ပစ်​ဗုံးပစ် သတိပေး

အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်တိုက်ခိုက်ရန်အတွက် ပြည်သူ့အကူညီများလည်းလိုအပ်နေကြောင်း Justice-Underground Revolution Forceအဖွဲ့က အသိပေးထားသည်။

ရမည်းသင်းရှိ လောင်းကစားဝိုင်းတစ်ဝိုင်းအား လက်ပစ်​ဗုံးပစ် သတိပေး
ရမည်းသင်းရှိ လောင်းကစားဝိုင်းတစ်ဝိုင်းအား လက်ပစ်​ဗုံးပစ် သတိပေး

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ လောင်းကစားဝိုင်းတစ်ဝိုင်းအား လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းကာသတိပေးခဲ့ကြောင်း Justice Underground Revolution Forceအဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာ ၅ ရက် ည ၈နာရီခန့်က ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ခံဘူးရွာအတွင်း နေ့စဉ်ပြုလုပ်နေသော လောင်းကစားဝိုင်းအား အထူး သတိပေးခြင်းအဖြစ်လက်ပစ်ဗုံး တစ်လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း JURF အဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ လေးဦးခန့်ရှိသည်ဟု JURF တာဝန်ခံက ဆိုသည်။

ယခုကဲ့သို့သော အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေရန်ပြုလုပ်သော ပွဲလမ်းသဘင် များနှင့် စကစထောက်တိုင်များအား နောက်နောင်တွင် သတိပေးခြင်းများ မပြုလုပ်တော့ဘဲ ထိရောက်စွာအရေးယူသွားဆောင်ရွက်သွားမည် ဖြစ်ကြောင်း JURFက သတိပေးသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်တိုက်ခိုက်ရန်အတွက် ပြည်သူ့အကူညီများလည်းလိုအပ်နေကြောင်း Justice-Underground Revolution Forceအဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။