မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ လောင်းကစားဝိုင်းတစ်ဝိုင်းအား လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းကာသတိပေးခဲ့ကြောင်း Justice Underground Revolution Forceအဖွဲ့က ထုတ်ပြန်သည်။
နိုဝင်ဘာ ၅ ရက် ည ၈နာရီခန့်က ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ခံဘူးရွာအတွင်း နေ့စဉ်ပြုလုပ်နေသော လောင်းကစားဝိုင်းအား အထူး သတိပေးခြင်းအဖြစ်လက်ပစ်ဗုံး တစ်လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း JURF အဖွဲ့ တာဝန်ခံက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ လေးဦးခန့်ရှိသည်ဟု JURF တာဝန်ခံက ဆိုသည်။
ယခုကဲ့သို့သော အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေရန်ပြုလုပ်သော ပွဲလမ်းသဘင် များနှင့် စကစထောက်တိုင်များအား နောက်နောင်တွင် သတိပေးခြင်းများ မပြုလုပ်တော့ဘဲ ထိရောက်စွာအရေးယူသွားဆောင်ရွက်သွားမည် ဖြစ်ကြောင်း JURFက သတိပေးသည်။

Public Service Announcement
အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်တိုက်ခိုက်ရန်အတွက် ပြည်သူ့အကူညီများလည်းလိုအပ်နေကြောင်း Justice-Underground Revolution Forceအဖွဲ့က အသိပေးထားသည်။


















































