Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (နိုဝင်ဘာ ၇ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီရဲ့ ပဲခူးမီးပုံးပျံပွဲ လူမစည်၊ ငြိမ်းချမ်းရေးမီးပုံးပျံမှ အလံပြုတ်ကျကာ မီးလန့်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့မှာ စစ်ကောင်စီက ပြုလုပ်တဲ့ မီးပုံးပျံပွဲမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်ဆိုကာ မီးပုံးပျံလွှတ်တင်ခဲ့ရာ မြန်မာနိုင်ငံအလံ ပြုတ်ကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဲခူးရွှေမော်ဓောဘုရားတန်ဆောင်တိုင်ပွဲတော်ကို မနေ့က ကျင်းပပြုလုပ်ရာ လာရောက်သူအများစုမှာ ဌာနဆိုင်ရာ၀န်ထမ်းများဖြစ်ပြီး တစ်ဌာနလျှင် ၁၀ ဦးစီး မဖြစ်မနေ တက်ရောက်စေခဲ့တယ်လို့ ဒေသခံအချို့က ဆိုပါတယ်။

ပဲခူး စစ်ကောင်စီ၏ မီးပုံးပျံပွဲ၌ ငြိမ်းချမ်းရေးမီးပုံးမှမြန်မာနိုင်ငံအလံ ပြုတ်ကျ
ပဲခူး စစ်ကောင်စီ၏ မီးပုံးပျံပွဲ၌ ငြိမ်းချမ်းရေးမီးပုံးမှမြန်မာနိုင်ငံအလံ ပြုတ်ကျ

အဲဒီမီးပုံပျံပွဲမှာ ဘုရားကြီးဂေါပကဖအဖွဲ့က မြန်မာပြည်ငြိမ်းချမ်းရေးအတွက်ဆိုကာ မီးပုံးပျံလွှတ်တင်ခဲ့ရာ မီးပုံးပျံအောက်ရှိ ငြိမ်းချမ်းရေးငှက်နဲ့ မြန်မာနိုင်ငံအလံပုံစံတို့ကို မီးသီးများဖြင့်အလှဆင်ပုံ​ဖော်ထားရာ အလံအပေါ် ပိုင်းပြုတ်ကျခဲ့ကာ မီးလန့်မှုဖြစ်ပေါ်ခဲ့ပါတယ်။

ပဲခူး စစ်ကောင်စီ၏ မီးပုံးပျံပွဲ၌ ငြိမ်းချမ်းရေးမီးပုံးမှမြန်မာနိုင်ငံအလံ ပြုတ်ကျ
ပဲခူး စစ်ကောင်စီ၏ မီးပုံးပျံပွဲ၌ ငြိမ်းချမ်းရေးမီးပုံးမှမြန်မာနိုင်ငံအလံ ပြုတ်ကျ

▪︎KNU နယ်မြေ အောက်တိုဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နဲ့ BGFတပ်ဖွဲ့ဝင် ၃၇၀ ခန့် သေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း (၂၈၆)ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)ဘက်မှ ၃၆၉ ဦး သေဆုံးကာ ၃၀၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲများအတွင်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်မှ ၆ ဦးကျဆုံးကာ ၄၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ် ကောင်စီတပ်သား လေးဦး လက်နက်အပြည့်အစုံနဲ့ KNLA ထံ အလင်းဝင်ခဲ့ပြီး ၃၂ ဦးဟာ စစ်မြေပြင်မှာ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သား တစ်ဦးကိုတော့ အရှင်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်အတွင်းမှ နှစ်ဦးမှာ စခန်းတွင်းနေစဉ် အဆိပ်သောက်သတ်သေခဲ့ပြီး အခြားနှစ်ဦးမှာ ရောဂါကြောင့်သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

▪︎စစ်ရှောင်တွေကို ထီးလင်း PDF ဆေးအဖွဲ့ ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေး

ထီးလင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေကို ဒုတိယအကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၁၀၀ ကျော်ဟာ ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေတာ တစ်လကျော်ရှိပြီဖြစ်ပြီး မြို့နယ်အတွင်း စစ်ရှောင်အများအပြားရှိလာနေပါတယ်။ စစ်ဘေးရှောင်တွေထဲ သက်ကြီးရွယ်အိုများ၊ လေဖြတ်ထားတဲ့ လူနာများ၊ ကလေးသူငယ်များ၊ မွေးကင်းစ ကလေးငယ်များမှာ ရာသီအကူးအပြောင်းကြောင့် ဖျားနာသူများပြားနေပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေကြောင်း သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံ အကြောင်းကြားလာလို့ ထီးလင်း PDF ဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို ကုသမှုပေးရာမှာ စစ်ဘေးရှောင် လူနာဦးရေ ၅၀၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ - ထီးလင်း PDF
ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ – ထီးလင်း PDF

▪︎မုံရွာနယ် ထန်းလေးပင်ရွာတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုများပြီး PDF ၆ ဦးလည်း ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းလေးပင်ရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးနိုင်ပြီး ပြည်သူ့ရဲဘော် ၆ ဦးကျဆုံးခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)ပြန်ကြား​ရေးတာဝန်ခံက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာနယ်တောင်ပိုင်းရှိ ထန်းလေးပင်ရွာကို မီးရှို့ဖျက်ဆီးပြီး တပ်စွဲထားတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီတပ်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်ချိန်အတွင်း စစ်ကောင်စီဘက်က စက်သေနတ်များ၊ လက်နက်ကြီးအချက်ရေ ၈၀ ကျော်၊ RPG အချက်ရေ ၂၀ ကျော်၊ မူးဝေစေသောဗုံးများ(ဓါတုလက်နက်များ)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force ပြန်ကြား​ရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကြောင်း ၃ ကြောင်း လက်နက်အင်အားသာလွန်နဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့တာကြောင့် နှစ်ဦးဒဏ်ရာရရှိပြီး ကျည်ကုန်နေတဲ့ ရဲဘော်နှစ်ဦး အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

▪︎မိုးဗြဲမှာ မူးယစ်ဆေးပြားတစ်သောင်းကျော် PDF ဖမ်းဆီးရမိ

မိုးဗြဲမြို့မှာ မူးယစ်ဆေးပြားရောင်းဝယ်ဖြန့်ဖြူးသူထံမှ ဆေးပြား တစ်သောင်းကျော် (၁၁,၂၀၀) ဖမ်းဆီးရမိခဲ့တယ်လို့ MOBYE PDF တပ်ရင်း (၂)က ဒီနေ့ထုတ်ပြန်ပါတယ်။ မိုးဗြဲမြို့ ဒေသတွင်း တစ်နေရာမှာ အရပ်သား သတင်းပေးမှုနဲ့ ကျေးရွာလူကြီးတွေနဲ့ပူးပေါင်းကာ MOBYE တပ်ရင်း (၂)၊ ကရင်နီ အမျိုးသား များကာကွယ်ရေးတပ်(KNDF) B-03 ပူးပေါင်းကာ နို ဝင်ဘာ ၃ ရက်က မူးယစ်ဆေးပြား (WY) ရောင်း၀ယ် ဖြန့်ဖြူးသူကို သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးပြားတွေကို ဖမ်းမိတဲ့နေရာမှာပဲ မီးရှို့ဖျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - MOBYE PDF
ဓာတ်ပုံ – MOBYE PDF

▪︎မန္တလေးမှာ ဆောက်လုပ်ရေးကုမ္ပဏီရုံးခန်း ဓားပြတိုက်ခံရ

မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်မှာရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ နေအိမ်ရုံးခန်းဟာ မနေ့ နေ့ခင်းက ဓားပြတိုက်ခံလိုက်ရပါတယ်။ ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၇၅ လမ်း ၊ ၁၁၇ လမ်းနဲ့ ၁၁၈ လမ်းကြားမှာရှိတဲ့ ရှင်းမြတ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီ နေအိမ်ရုံးခန်းကို အမျိုးသား ၂ ဦး ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပြကာ ဓားပြတိုက်သွားတာလို့ သိရပါတယ်။ အဲဒီ ဓားပြတိုက်ခံရတဲ့ဖြစ်စဥ် CCTV ရုပ်သံဖိုင်လည်း လူမှုကွန်ရက်မှာ တက်လာပါတယ်။ ဓားပြတိုက်မှုမှာ ငွေကျပ်သိန်း ၃၂၀ နဲ့ ဖုန်း ၂ လုံးပါသွားတယ်လို့သိရပါတယ်။

▪︎ထုံးဘိုကြီးဗျူဟာလမ်းတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိ

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ် ထုံးဘိုကြီးဗျူဟာလမ်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးပြီး စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားရတယ်လို့ သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့ NTDF က ဒီနေ့ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၄ ရက် နေ့ခင်းမှာ စစ်တောင်းမြစ်အရှေ့ဘက် လယ်သာကျေးရွာနဲ့ ဂွေးသဲကျေးရွာကြားရှိ ရေဖြူမြောင်ရွာသစ်သို့ စစ်ကောင်စီတပ်က အင်အား ၉၀ ခန့်နဲ့ စစ်ကြောင်းထိုးလာခဲ့တာပါ။ အဲဒီနောက် NTDF တပ်ဖွဲ့နဲ့ ၄နာရီခန့် ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။

▪︎မတ္တရာနယ်ရှိ စစ်ကောင်စီအရာရှိတစ်ဦးကို ပစ်ခတ် ရှင်းလင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မြွေတလိုင်းကျေးရွာနေ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးတစ်ဦး နှစ်ကြိမ်တိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားတယ်လို့ တောကြီးမြွေပွေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းက မြွေတလိုင်းကျေးရွာနေ ဗိုလ်မှူးအောင်နိုင်စိုးကို ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ အသိပေးပါတယ်။ သေနတ်နှစ်ချက်မှန်ကာ မသေဘဲ ထွက်ပြေးသွားတာကြောင့် နောက်မှ လိုက်လံပစ်ခတ်ရာ ဆိပ်ကမ်းတစ်နေရာမှာ ထပ်မံပစ်ခတ်ခံရကာ သေဆုံးသွားတာလို့ တောကြီးမြွေပွေးအဖွဲ့က ဆိုပါတယ်။ အဲဒီစစ်ကောင်စီအရာရှိဟာ မတ္တရာနယ်နဲ့ ဝက်လက်နယ်များအတွက် စစ်ကောင်စီစစ်ကြောင်းတွေကို မော်တော်နဲ့ စားနပ်ရိက္ခာများ စီစဥ်ပေးနေသူဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

သေဆုံးသူ ဗိုလ်ကြီးအောင်နိုင်စိုးဆိုသူအား တွေ့ရစဥ်၊ ဓာတ်ပုံ-တောကြီးမြွေပွေး
သေဆုံးသူ ဗိုလ်ကြီးအောင်နိုင်စိုးဆိုသူအား တွေ့ရစဥ်၊ ဓာတ်ပုံ-တောကြီးမြွေပွေး

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။