Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံမြို့လာသည့် စစ်ကောင်စီတပ် ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်

ပြည်သူများအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် ကပ်မလိုက်ကြရန် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

(၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို ဖြိုခွင်းရန် ရောက်လာသည့် စစ်ကားအား တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)
(၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို ဖြိုခွင်းရန် ရောက်လာသည့် စစ်ကားအား တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြို့သာ – မြင်းခြံလမ်းပေါ်တွင် စစ်ကောင်စီတပ်ကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီ ၄၀မိနစ်ခန့်က မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ မြင်းခြံမြို့သို့ထွက်ခွာလာသော စစ်ကားတစ်စီးကို မြို့သာ-မြင်းခြံလမ်းပေါ် ထန်းတောကြီးကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

အဆိုပါ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုရှိကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“ကုက္ကဲအကျော်မှာအုံးဆိုပြီးကွဲတာပါ။ ဟိုက ဆက်တိုက်ပစ်တော့တာပဲ။”ဟု မြင်းခြံမြို့နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် ကပ်မလိုက်ကြရန် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

=

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။