Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့လာသည့် စစ်ကောင်စီတပ် ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်

ပြည်သူများအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် ကပ်မလိုက်ကြရန် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

(၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို ဖြိုခွင်းရန် ရောက်လာသည့် စစ်ကားအား တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)
(၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို ဖြိုခွင်းရန် ရောက်လာသည့် စစ်ကားအား တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြို့သာ – မြင်းခြံလမ်းပေါ်တွင် စစ်ကောင်စီတပ်ကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီ ၄၀မိနစ်ခန့်က မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ မြင်းခြံမြို့သို့ထွက်ခွာလာသော စစ်ကားတစ်စီးကို မြို့သာ-မြင်းခြံလမ်းပေါ် ထန်းတောကြီးကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

အဆိုပါ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုရှိကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“ကုက္ကဲအကျော်မှာအုံးဆိုပြီးကွဲတာပါ။ ဟိုက ဆက်တိုက်ပစ်တော့တာပဲ။”ဟု မြင်းခြံမြို့နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် ကပ်မလိုက်ကြရန် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

=

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook