Connect with us

Hi, what are you looking for?

သတင်း

မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းကိုပြည်သူများယ​နေ့မှစ၍ အသုံးမပြုရန် PDFထုတ်ပြန်

မိဘပြည်သူတို့၏ လုံခြုံရေးကိုရှေးရှု၍မေတ္တာရပ်ခံပန်ကြားအပ်ခြင်းဟုပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းကိုပြည်သူများ ယ​နေ့မှစ၍ အသုံးမပြုရန် PDFထုတ်ပြန်
မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းကိုပြည်သူများ ယ​နေ့မှစ၍ အသုံးမပြုရန် PDFထုတ်ပြန်

မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်တို့နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေ၍ ယင်းလမ်းပိုင်းအားယ​နေ့(နိုဝင်ဘာ ၉ရက်)မှစ၍ လုံးဝအသုံးမပြုကြရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်တပ်ရင်း(၁)က သတိပေးချက် ထုတ်ပြန်သည်။

မိဘပြည်သူတို့၏ လုံခြုံရေးကိုရှေးရှု၍မေတ္တာရပ်ခံပန်ကြားအပ်ခြင်းဟုပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

ခရီးသွား မိဘပြည်သူများအနေဖြင့် မြိတ်-ထားဝယ် ပြည်ထောင်စု လမ်းမကြီးအား အသုံးပြုခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)မှ နောက်ထပ်ကြေငြာချက် မထုတ်ပြန်မှီ အချိန်ကာလအထိ အချိန်အကန့်အသတ်မရှိ လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန် သတိပေးထားသည်။

“လိုအပ်ချက်အရ ထုတ်ပြန်တာပါ။ဒီကာလအထူးသတိထားကြရမယ့်ကာလပါ”ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ အမှတ်‌(၂)၊ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယ‌မန်နေ့(နိုဝင်ဘာ ၈ရက်)ကလည်းထားဝယ်-ပုလောလမ်းပိုင်းမှ သရက်ချောင်းမြို့အတွင်း စစ်ကောင်စီတပ်ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ်‌(၂)၊တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ​တာဝန်ရှိသူက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့