Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၆၆)လက်အောက်ခံ ခမရ(၄)တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ KNDFထံ အလင်းဝင်

လက်ရှိတပ်တွင်း ထွက်ပြေးနေသူ အများစုတွင် အသက်ငယ်ရွယ်သူများပြီး နောက်တန်းတွင် မိသားစုကျန်ရစ်သည့် သက်ကြီးပိုင်းစစ်ကောင်စီ တပ်သားများသာ ကျန်ရှိသည်ဟုလည်း ထွက်ဆို ထားသည်။

Update News
Update News

တပ်မ(၆၆)လက်အောက်ခံ ခမရ(၄)မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် လာရောက်ပူးပေါင်းကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း- ၂ က ယနေ့ (နိုဝင်ဘာ ၁၀ ရက်) ထုတ်ပြန်သည်။

ထုတ်ပြန်သည့် ဗီဒီယိုဖိုင်မှတ်တမ်းအရ ကျည် အအရေအတွက် ရာဂဏန်းပါဝင်ပြီး အီနာဂါ ဗုံး သီးများအပြင် MA 1 သေနတ်တစ်လက်ပါရှိသည်။

“စစ်သားတစ်ယောက်ပြေးတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ဒီကောင်တွေက မိဘကို ဒုက္ခပေးတယ်။အဲဒီဒုက္ခပေးတာ အဆင်မပြေရင် တွေ့တဲ့ဟာ သိမ်းတယ်။မိသားဟုဝင်တွေကို ထောင် ချတယ်”ဟု အသက် (၁၈)နှစ်အရွယ် CDM တပ်သားက ရှင်းပြသည်။

ကိုယ်ပိုင်အမှတ် ( တ/တ ၁၂၉၁၀၀) အင်းမ အခြေစိုက်ခမရ -၄ တွင် တစ်နှစ်ဝန်းကျင် တာ ဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ မိုးဗြဲမြို့စစ်ဆင်ရေးအတွင်း ထွက်ပြေးခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီအထက်အရာရှိ များ၏ ခိုင်းစေမှုကြောင့် အရပ်သားနေအိမ်များ မီးရှို့ရကြောင်း ၎င်းက ဝန်ခံသည်။

လက်ရှိတပ်တွင်း ထွက်ပြေးနေသူ အများစုတွင် အသက်ငယ်ရွယ်သူများပြီး နောက်တန်းတွင် မိသားစုကျန်ရစ်သည့် သက်ကြီးပိုင်းစစ်ကောင်စီ တပ်သားများသာ ကျန်ရှိသည်ဟုလည်း ထွက်ဆို ထားသည်။

“မကောင်းတဲ့ ဒီစစ်သားတွေကို ပြန်ပြီး တိုက်ခိုက် မယ်လို ရည်ရွယ်ထားတယ်”ဟု KNDF နှင့်ပူးပေါင်းလာသည် စစ်ကောင်စီတပ်သားက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသအတွင်း ထိုးစစ်ဆင်နေသည့် တပ်မ (၆၆)လက်အောက်ခံတပ်ရင်းများမှ စစ်ကောင်စီ တပ်သား ၁၀၀ နီးပါးခန့်မှာ ကရင်နီပူးပေါင်းတပ်များနှင့် ကရင်နီပြည်သူ့ရင်ခွင်ထံ လာရောက်ပူးပေါင်း ထားသည်။

တပ်မ(၆၆)လက်အောက်တွင် ခလရ (၁)၊ခလရ (၁၁) ၊ခလရ (၁၄)၊ ခလရ (၃၅) ၊ခလရ (၈၀) ၊ခမရ (၄၊၅၊၆)၊ခမရ (၁၀) နှင့် ခမရ (၁၀၈)စသည့် တပ်ရင်း ၁၀ ခုရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ