Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်က ​မြောင်နယ်မှနနွင်းကိုင်းရွာကိုမီးရှို့ပြီးဆက်လက်တပ်စွဲထား

အိမ်ခြေလေးရာရှိသည့်အနက် အများစု မီးလောင်သွားပြီး ရွာကို ဝင်၍မရသေးသောကြောင့် အိမ်ခြေအတိအကျမသိရသေးဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(မြောင်ဒေသစစ်ဘေးရှောင်များ ။ ဓါတ်ပုံ-CDSOM)
(မြောင်ဒေသစစ်ဘေးရှောင်များ ။ ဓါတ်ပုံ-CDSOM)

မြောင်မြို့နယ်နနွင်းကိုင်းကျေးရွာတစ်ရွာလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် ပြန်ထွက်မသွား​သေးဘဲ ရွာတွင် အထိုင်ချတပ်စွဲထားကြောင်း ဒေသခံများကပြောသည်။

“ပထမက အင်အား တစ်ရာလောက်နဲ့ လာတာ။ အခုက အင်အားထပ်တိုးလာတယ်။ ၁၅၀လောက်ဖြစ်နေပြီ။ ရွာမှာ တပ်စွဲထားလိုက်ကြပြီ။ လုံးဝ ဝင်မရတော့ဘူး”ဟုနနွင်းကိုင်းရွာဒေသခံတစ်ဦးကပြောသည်။

မန္တလေးမှထွက်ခွာလာပြီးဆန်အိတ်၁၅၀၀၀ကျော်တင်ဆောင်လာသောစစ်​ကောင်စီတပ်သင်္ဘာကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (CDSOM)ကနိုဝင်ဘာ ၆ရက်နေ့ခင်းပိုင်းတွင် နနွင်းကိုင်းဆိပ်ကမ်းကပ်ခိုင်းပြီးဖမ်းဆီး၍စစ်​ဘေး​ရှောင်ပြည်သူများကို ဆန်အိတ်များယူ​ဆောင်​စေခဲ့သည်။စစ်​ကောင်စီတပ်က ဆန်နှင့်ရိက္ခာတင်သင်္ဘာ ဖမ်းဆီးခံရပြီး​နောက် နိုဝင်ဘာ ၇ ရက်တွင်နနွင်းကိုင်းရွာသို့စစ်​ကြောင်းထိုးလာပြီး ​နေအိမ်များကိုမီးရှို့ဖျက်ဆီးကာ အကြမ်းဖက်၍ ရွာတွင်တပ်စွဲထားခြင်းဖြစ်သည်။

(မြောင်ဒေသစစ်ဘေးရှောင်များ ။ ဓါတ်ပုံ-CDSOM)
(မြောင်ဒေသစစ်ဘေးရှောင်များ ။ ဓါတ်ပုံ-CDSOM)

အိမ်ခြေလေးရာရှိသည့်အနက် အများစု မီးလောင်သွားပြီး ရွာကို ဝင်၍မရသေးသောကြောင့် အိမ်ခြေအတိအကျမသိရသေးဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

” မနေ့က ရွာထဲကနေ ပြည်သူပိုင်ပစ္စည်းတွေကို ကားနှစ်စီးနဲ့ တိုက်သယ်သွားတယ်။ အခုက ဆယ်ရွာထက်မနည်းကို မီးရှို့မယ်လို့သတင်းတွေထွက်နေတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည်နနွင်းကိုင်းရွာနှင့် ကပ်လျက်ရှိသော ရွှေတချောင်းရွာ၊ ဆူလေကုန်းရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ မြောင်မြို့နယ်တစ်နယ်လုံးတွင် စစ်ဘေးရှောင်နေရသူ နှစ်သောင်းနီးပါးရှိနေပြီဟု CDSOMက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

Facebook