Connect with us

Hi, what are you looking for?

သတင်း

ဘုံသဘောတူချက်တွေ စစ်ကောင်စီအကောင်ထည်ဖော်ဖို့ အာဆီယံ အချိန်ကန့်သတ်မယ်

မနေ့က နိုဝင်ဘာလ ၁၁ ရက်မှာ ကျင်းပပြီးစီးသွားတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး မြန်မာ့အရေးအတွက် အချက် ၁၅ ချက်ပါတဲ့ ကြေညာချက်ကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။

ဘုံသဘောတူချက်တွေ စစ်ကောင်စီအကောင်ထည်ဖော်ဖို့ အာဆီယံ အချိန်ကန့်သတ်မယ်
ဘုံသဘောတူချက်တွေ စစ်ကောင်စီအကောင်ထည်ဖော်ဖို့ အာဆီယံ အချိန်ကန့်သတ်မယ်

အချိန်ကန့်သတ်ချက်နဲ့ဖိအားပေးရင် ဆိုးကျိုးတွေဆီဦးတည်သွားနိုင်တယ်လို့ စစ်ကောင်စီတုံ့ပြန်

အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီအကောင်အထည်ဖော်ဖို့အတွက် တိကျတဲ့ အချိန်ကန့်သတ်ချက်ချမှတ်ဖို့ အာဆီယံထိပ်သီးအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

မနေ့က နိုဝင်ဘာလ ၁၁ ရက်မှာ ကျင်းပပြီးစီးသွားတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး မြန်မာ့အရေးအတွက် အချက် ၁၅ ချက်ပါတဲ့ ကြေညာချက်ကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ အာဆီယံဟာ မြန်မာ့အရေးကိုဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ထပ်လောင်းအတည်ပြုထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် သဘောတူညီခဲ့တဲ့ အဲဒီ ၅ ချက်ကို အချိန် ၁၈ လကျော်လာတဲ့အထိ အကောင်အထည်ဖော်တာ မတွေ့ရဘူးလို့ အာဆီယံခေါင်းဆောင်တွေက ဆိုထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်ဖော်ရေးအတွက် ခိုင်မာ ၊လက်တွေ့ကျ ပြီး တိုင်းတာနိုင်တဲ့ ရလဒ်တွေထွက်ဖို့ အချိန်သတ်မှတ်ချက်နဲ့ လုပ်ဆောင်ရမယ့် အစီအစဉ်လိုအပ်နေတယ်လို့အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။

အချိန်သတ်မှတ်ရေးကိုတော့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တာဝန်ယူကြဖို့မနေ့က ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာဆုံးဖြတ်ကြပါတယ်။

ဒါအပြင် အာဆီယံနဲ့ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီဘက်က ကိုယ်စားပြု တက်ရောက်နေတာတွေကို အခြေအနေအရ လိုအပ်လာရင် ပြန်သုံးသပ်မယ်လို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြပါသေးတယ်။

လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီကလည်း မြန်မာ့အရေးတိုးတက်မှု မရှိတဲ့အပေါ် “အင်ဒိုနီးရှားအနေနဲ့ အတော့်ကို စိတ်ပျက်မိပါတယ်” လို့ ထိပ်သီးအစည်းအဝေးမှာ မီဒီယာတွေကို ပြောခဲ့တယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဘုံသဘောတူညီချက် တွေကို စစ်ကောင်စီဖက်က သိသာတဲ့တိုးတက်မှုရှိအောင် တာဝန်ခံပြီးလုပ်ဆောင်တာမျိုး မတွေ့ရဘူးလို့ လည်း အင်ဒိုသမ္မတ ပြောသွားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဘုံသဘောတူညီချက်တွေအတွက် အချိန်ကန့်သတ်ချက်နဲ့ ဖိအားပေးတာ အကျိုးမရှိနိုင်တဲ့အပြင် ဆိုးကျိုးသက်ရောက်မှုတွေကို ဦးတည်သွားနိုင်တယ်လို့ အာဆီယံ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။