Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကချင်ဒေသတွင် ၅ရက်အတွင်း စစ်ကောင်စီလက် အောက်ခံ တပ်စခန်းလေးခုကို KIA တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီအနေဖြင့် ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်ဖွဲ့စည်းပြီး တိုင်းရင်းသားအချင်းချင်း တိုက်ခိုင်းနေသည့် သွေးခွဲသည့် လုပ်ရပ်အပေါ် သတိထားရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဩဂုတ် ၁၀ရက် ကချင်အာဇာနည်နေ့ မိန်းခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ကချင်ဒေသတွင် ၅ရက်အတွင်း စစ်ကောင်စီလက် အောက်ခံ တပ်စခန်းလေးခုကို KIA တိုက်ခိုက်သိမ်းပိုက်
ကချင်ဒေသတွင် ၅ရက်အတွင်း စစ်ကောင်စီလက် အောက်ခံ တပ်စခန်းလေးခုကို KIA တိုက်ခိုက်သိမ်းပိုက်

▪️ဖားကန့် ဆယ်ဇင်းရွာကို စစ်ကောင်စီတပ်လေကြောင်းမှ မီးလောင်ဗုံးကြဲချပြီး ရှမ်းနီ SNA နှင့် ပူးပေါင်းပြီး ကျေးရွာကို မီးရှို့၊ ဒေသခံသေဆုံးထိခိုက်ရှိ

▪️ရေကြောင်းမှ တက်လာသည့် စစ်ကောင်စီတပ်နှင့် ရွှေကူနယ်၌ထိတွေ့တိုက်ပွဲဖြစ်နေဟု KIA ပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ် စခန်း လေးကိုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဩဂုတ် ၈ရက်တွင် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ စစ်ကောင်စီ တပ်စခန်းနှင့် စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီ(SNA) တပ်စခန်း တို့ကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ် ၁၁ရက်တွင် ဖားကန့်မြို့နယ် လီဒိုလမ်းအနီးရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းနှင့် ပြည်သူ့စစ်၊စစ်ကောင်စီ ပူးတွဲထိုင်သည့် တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဝါရာဇွပ် ပြည်သူ့စစ် မင်းသန့်ဇင်ရဲ့ အဖွဲ့တွေ ။ ၂နေရာသိမ်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က တစ်ယောက်တော့ ကျသွားတယ်။ ယုဇန ကုမ္ပဏီ အဲဒီနားမှာ လောလောဆယ် တပ်စခန်း တစ်နေရာချထားတယ် အဲဒီနေရာရယ် အဲဒီကနေ ကျော်သွားရင် ကုန်းပေါ်က တစ်နေရာရယ် ၂နေရာ။ သူတို့ဘက်ကလည်း ကျတာရှိတာပေါ့”ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

စခန်းသိမ်းတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ဆယ်ဇင်းဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီတပ်စခန်း သိမ်းပိုက်နိုင်မှုကို KIAက အတည်ပြုသည်။ တနိုင်းလီဒိုလမ်းအနီး တပ်စခန်း ၂ခု တိုက်ခိုက်သိမ်းပိုက်မှု သတင်းကို ကြားသိရသော်လည်း တရားဝင်သတင်းမရသေးဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီ တပ်စခန်း(တနိုင်း လီဒိုလမ်းအနီးရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၂ခု)ကို ဝင်တိုက်တာတော့ ရှိပါတယ်။ ဒါပေမဲ့ သိမ်းတဲ့အနေအထား တိတိကျကျတော့ မသိရသေးပါဘူး။ ကြားရတာကတော့ သိမ်းရတယ်လို့ ပြောတယ်။ အခုထက်ထိတော့ ကျွန်တော်တို့ကို တရားဝင်တော့ ဘာမှ သတင်းပို့လာတာမရှိပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဆယ်ဇင်းဒေသတွင်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ ပစ်ခတ်မှုကြောင့် ဒေသခံများသေဆုံးထိခိုက်ရှိသကဲ့သို့ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ဇယ်ဆင်းရွာ ရှိနေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

“ဆယ်ဇင်းဘက်က ပြည်သူလူထုတွေက ထိခိုက်တာတွေ သေသွားတာတွေနည်းနည်း ပါးပါးရှိ တယ်လို့ သတင်းရပါတယ်။ ၁၀ယောက်လောက်ထိခိုက်တယ်ဆိုတာ ကြားရပါတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ အတည်ပြုလို့ရမလဲတော့ အဆက်အသွယ်တော့ မရသေးဘူးပေါ့။ ညသန်းခေါင်ယံမှာ လေယာဉ်ပျံနဲ့ မီးလောင်ဗုံးတွေချလို့ မီးလောင်သွားတာ။ ကြားနေရတဲ့ သတင်းတွေက နောက်မနက် ၁၀ရက်နေ့မှာ သူတို့စစ်သားတွေမီးနဲ့ ရှို့နေတာ။ ပြည်သူလူထုတွေ ဒေသခံတွေ အဲဒီလိုပြောတာပဲ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီတပ်များ ရေကြောင်းမှ အင်အားဖြည့်လာ၍ ကချင်နှင့် စစ်ကိုင်းအစပ်တွင် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဆိုသည်။

“အခုကတော့ KIA တပ်မဟာ(၈)နယ်မြေ တပ်ရင်း(၅)နယ်မြေဘက်မှာ ရွှေကူ တို့ ကသာ၊ နဘားတို့ ဘက်မှာလည်း ရေကြောင်းကနေ တက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကျွန်တော်တို့ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီအနေဖြင့် ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်ဖွဲ့စည်းပြီး တိုင်းရင်းသားအချင်းချင်း တိုက်ခိုင်းနေသည့် သွေးခွဲသည့် လုပ်ရပ်အပေါ် သတိထားရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဩဂုတ် ၁၀ရက် ကချင်အာဇာနည်နေ့ မိန်းခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

“အဓိကတော့ စစ်ကောင်စီက ကျွန်တော်တို့ တိုင်းရင်းသားဒေသမှာ ပြည်သူ့စစ်တွေ ဖွဲ့ပေးတာပေါ့။ တိုင်းရင်းသားတွေကို ပြည်သူ့စစ်ဖွဲ့စည်းပြီး လက်နက်တွေတပ်ဆင်ပေးတာ။ ဒါက ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း သွေးခွဲတာ သပ်လျှိုတာ။ အဲဒီပုံစံနဲ့ ပြည်သူ့စစ်မဟာဗျူဟာကို သုံးတာ။ အဲဒါကျွန်တော်တို့ အချင်းချင်း တိုက်တာ ခိုက်တာတွေလုပ်ခိုင်းတာပေါ့။ သူတို့ တပ်မတော်သားတွေ သေမယ့်အစား ကျွန်တော်တို့ တိုင်းရင်းသားတွေကို သေစေမယ် ဒဏ်ရာရစေမယ် အဲဒါမျိုးတွေ ကျွန်တော်တို့ ကြားမှာ သွေးခွဲတာ”ဟု ဗိုလ်မှူးကြီးနော်ဘူက ဗိုလ်ချုပ်အင်ဘန်လ မိန့်ခွန်းပါအချက်ကို ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။