Connect with us

Hi, what are you looking for?

News

ဒလန်သတင်းပေးမှုကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသား ခြောက်ဦးဖမ်းဆီးခံရ

ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်ဟောင်းများကို စစ်ကောင်စီကဖမ်းဆီးလျက်ရှိရာ ပြီးခဲ့သည့် စင်တင်ဘာ ၆ ရက်က ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုမင်းသုခကိုလည်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သေးသည်။

ဒလန်သတင်းပေးမှုကြောင့် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ခြောက်ဦး ယမန်နေ့(စက်တင်ဘာ ၁၄)ညက ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၁၄)ည ၁၀ နာရီကျော်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၉ လမ်းအပေါ်ဘလောက်(အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်လမ်းကြား)ရှိ ဓမ္မာရုံရှေ့မှ တိုက်ခန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသသတင်းရင်းမြစ်များက ဖော်ပြသည်။

ထိုသို့ လာရောက်ဖမ်းဆီးစဉ် စစ်ကားတစ်စီး၊ အိမ်စီးကားနှစ်စီးအပြင် အရပ်ဝတ်အများအပြားဖြင့် ကျောင်းသားခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများတွင် ကျောင်းသူနှစ်ဦးနှင့် ကျောင်းသားလေးဦးဖြစ်ပြီး ၎င်းတို့မှာ မဝတ်ရည်အောင် ၊ မသဉ္ဇာဇော် ၊မောင်စည်သူအောင် ၊မောင်ရဲလင်းဦး၊ မောင်နေထက်လင်း၊ မောင်မြင့်သိန်းနိုင် တို့ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယနေ့တွင် အတည်ပြုထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်ဟောင်းများကို စစ်ကောင်စီကဖမ်းဆီးလျက်ရှိရာ ပြီးခဲ့သည့် စင်တင်ဘာ ၆ ရက်က ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုမင်းသုခကိုလည်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။