Connect with us

Hi, what are you looking for?

သတင်း

NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ နေအိမ်ကို စစ်ကောင်စီချိတ်ပိတ်

စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာ ၊ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာတွေ လုပ်ဆောင်နေပါတယ်။

NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ နေအိမ်ကို စစ်ကောင်စီချိတ်ပိတ်
NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ နေအိမ်ကို စစ်ကောင်စီချိတ်ပိတ်

အမျိုးသားညီညွှတ်ရေးအစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နေထိုင်ခဲ့တဲ့ ရန်ကုန်တိုင်း ၊မြောက်ဥက္ကလာပ မြို့နယ်ထဲက နေအိမ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ချိတ်ပိတ်လိုက်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ၊ ဂ ရပ်ကွက် ၊ နီလာ ၃ လမ်းမှာရှိတဲ့ အိမ်ကိုချိတ်ပိတ်လိုက်တာဖြစ်ပြီး အဲဒီအိမ်ဟာယခင်က အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ခဲ့ဖူးတယ်လို့ စစ်အုပ်စုဘက်ကလည်း သတင်းထုတ်ထားပါတယ်။

ချိတ်ပိတ်ခံရတဲ့နေအိမ်ဟာ ဒေါ်ဇင်မာအောင်ရဲ့ ဖခင်ဖြစ်သူ အိမ်ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

အိမ်ကို နိုဝင်ဘာ ၉ ရက် မှာ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ပြီး ချိတ်ပိတ်သွားတာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာ ၊ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာတွေ လုပ်ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။