Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြောက်ပိုင်း၌ AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

နိုဝင်ဘာ ၁၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တောမြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာနှင့် မလှမ်းမကမ်းရှိ တောင်ကုန်းတစ်ခုတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

မောင်တောမြောက်ပိုင်းသို့ ယနေ့တွင် လာရောက်ပစ်ခတ်သော စစ်ကောင်စီတပ်​၏ ရဟတ်ယာဉ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - BNA
မောင်တောမြောက်ပိုင်းသို့ ယနေ့တွင် လာရောက်ပစ်ခတ်သော စစ်ကောင်စီတပ်​၏ ရဟတ်ယာဉ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - BNA

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တစ်ရက်လုံး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ရခိုင်ဒေသခံက ပြောသည်။

နိုဝင်ဘာ ၁၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တောမြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာနှင့် မလှမ်းမကမ်းရှိ တောင်ကုန်းတစ်ခုတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

“အဲဒီနားမှာ ၁၀ရက်နေ့ကတည်းက စကစ အထိုင်စခန်းကို AAက ဝင်တိုက်တယ်လေ။ဒီနေ့လည်း တစ်နေကုန်ဖြစ်နေတာ။ ဖြစ်နေတာဆိုတော့ နေ့လည် လောက်မှာ လေယာဉ် ၂စီးနဲ့ လာပစ်တယ်။ လက်နက်ကြီးကတော့ စဖြစ်ကတည်းက တစ်နေကုန် ပစ်နေတာ။ကျနော်တို့ သိရသလောက် အဲဒီမှာ AAကနေ စစ်ကောင်စီကို ပိတ်ဆို့ထားတယ်ဆိုတော့ ယာယီစခန်းချထားတဲ့နေရာကို စစ်ကောင်စီရဲ့ တပ်မ(၇၇)က ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် ဖြစ်တာလို့ပြောတယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေများကို အသေးစိတ်မသိရသော်လည်း တိုက်ပွဲပြင်းထန်၍ နှစ်ဖက် ထိခိုက်ကျဆုံးများနိုင်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာလကုန်ပိုင်းနှင့် ယခု နိုဝင်ဘာအတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်၀၌ AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

“အခုက ပွင့်လင်း ရာသီရောက်ပြီဆိုတော့ နှစ်ဖက် စစ်အင်အားတွေဖြည့်တင်းနေတာဆိုတော့ တိုက်ပွဲက ဒီထက်ပိုပြင်းထန်လာမှာပေါ့။ အခုနောက် ပိုင်း စစ်ကောင်စီက ဖြတ်လေးဖြတ်ကို ပိုပြီး လုပ်လာတာ တွေ့ရတယ်။ ရခိုင်က မြို့နယ်အများစုမှာ ဆီတို့ ဆန်တို့ စားနပ်ရိက္ခာတွေ ဆေးဝါးတွေ ပြတ်တောက်နေတယ်။ စက်သုံးဆီက ကျရင် သုံးလလောက်ပိတ်ဆို့ခံထားရတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် က ပိုပြီး ဖြစ်တာပေါ့” ဟု ရခိုင်ဒေသခံက ပြောသည်။

ရခိုင်ဒေသတိုက်ပွဲများ၌ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

မောင်တောမြောက်ပိုင်းသို့ ယနေ့တွင် လာရောက်ပစ်ခတ်သော စစ်ကောင်စီတပ်​၏ ရဟတ်ယာဉ်အား တွေ့ရစဉ်၊ ဓာတ်ပုံ – BNA

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

သတင်း

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

Facebook