Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ အရပ်သားသုံးဦး ထပ်မံသေဆုံး

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ အရပ်သားများအပေါ် ပစ်မှတ်ထားခြင်းကြောင့် ပုဏ္ဏားကျွန်းတွင် ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ - BNA
ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ - BNA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆောင်းတုံရွာ၌ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျ၍ အရပ်သား သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ဒေသခံက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၁၆ရက်)တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ - BNA
ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ – BNA

“အဲဒီမှာ လက်နက်ကြီး ရွာထဲကျလို့ သုံးယောက်သေတယ် သုံးယောက်ဒဏ်ရာရတယ်လို့ ကြားတယ်။ အဲဒီနေရာက နည်းနည်းအလှမ်းဝေးတယ်။ တောဖက်ကျတယ်။ အဲဒီမှာ မြို တိုင်းရင်းသားတွေများတယ် အဲဒီမှာနေတာ”ဟု ရခိုင်ဒေသခံက ပြောကြားသည်။

Public Service Announcement
Public Service Announcement

နိုဝင်ဘာ ၁၀ရက်ကလည်း စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာကို လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာကိုမီးရှို့ခြင်းပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်လက်ချက်ကြောင့် ဆင်အင်းကြီးဒေသခံ ၉ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး အခြားကျေးရွာများမှ ပြည်သူများလည်း သေဆုံးထိခိုက်မှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ - BNA
ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ – BNA

ယမန်နေ့ (နိုဝင်ဘာ ၁၅ရက်)ကလည်း စစ်ကောင်စီ တပ် လက်နက်ကြီး ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့နယ် ကျွန်းတောင်ရွာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်သတင်းဌာန BNAက ဖော်ပြသည်။ ထို့ပြင် နိုဝင်ဘာ ၁၂ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပစ်ခတ်ပြီး ကျေးရွာအတွင်း ဝင်လာ၍ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု BNA သတင်း၌ တွေ့ရသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ - BNA
ထွက်ပြေးတိမ်းရှောင်နေကြရသော ပုဏ္ဏကျွန်းပြည်သူများ၊ ဓာတ်ပုံ – BNA

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ အရပ်သားများအပေါ် ပစ်မှတ်ထားခြင်းကြောင့် ပုဏ္ဏားကျွန်းတွင် ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။