Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးတွင် ပြည်သူနှစ်ဦး သတ်ဖြတ်ရာတွင်ပါဝင်သည်ဆိုသည့် ပျူတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ယနေ့ညနေ ၆ နာရီခန့်က လောင်းလုံးမြို့နယ် အဝဗျောကျေးရွာမှ ထားဝယ်ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်၏ တပည့်ရင်းဖြစ်သူ ကိုဖြိုးဆိုသူအား DDT တပ်ခွဲ (၃) ထားဝယ်(ပ.က.ဖ) ရဲဘော်များက သေနတ်ဖြင့် ငါးချက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

(ပျူစောထီးအဖွဲ့ဝင် ကိုဖြိုးအား တွေ့ရစဉ်)
(ပျူစောထီးအဖွဲ့ဝင် ကိုဖြိုးအား တွေ့ရစဉ်)

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် အပြစ်မဲ့ပြည်သူနှစ်ဦး သတ်ဖြတ်ခံရမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဟုဆိုသည့် ပျူစောထီးအဖွဲ့ဝင် ကိုဖြိုးအား ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Dawei Defense Team – DDT က ယနေ့(နိုဝင်ဘာ ၁၆)ထုတ်ပြန် သည်။

ယနေ့ညနေ ၆ နာရီခန့်က လောင်းလုံးမြို့နယ် အဝဗျောကျေးရွာမှ ထားဝယ်ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်၏ တပည့်ရင်းဖြစ်သူ ကိုဖြိုးဆိုသူအား DDT တပ်ခွဲ (၃) ထားဝယ်(ပ.က.ဖ) ရဲဘော်များက သေနတ်ဖြင့် ငါးချက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

ပစ်ခတ်ရှင်းလက်းခံရသူ ကိုဖြိုးသည် ထားဝယ် မြို့ ကြက်စာပြင်ရပ်ကွက်နေ ကိုအောင်ခိုင်၏ ဖခင် ဦးကြည်လွင်အား သတ်ဖြတ်မှုတွင် ပါဝင်ခြင်း၊ အလားတူ ပြီးခဲ့သည့် ဇွန်လက လောင်းလုံးနယ် ဝဗျောကျေးရွာမှ ဒေါ်ခင်ချိုသတ်ဖြတ်ခံရမှုတွင် ပါဝင်နေခြင်းတို့ကြောင့် သတိပေးစာပေးပို့ခဲ့ကြောင်း ဖော်ပြသည်။

သို့သော် တော်လှန်ရေးတပ်ဖွဲ့၏သတိပေးချက် အား မလိုက်နာဘဲ စစ်ကောင်စီတပ်များအား သတင်းပေးခြင်း၊ လမ်းပြပေးခြင်းနှင့် ဆိုးသွမ်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ အပြစ်ပေးအရေးယူရခြင်းဖြစ်သည်ဟု DDTက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယခုလုပ်ဆောင်မှုသည် ကျေးရွာနေပြည်သူများနှင့် သက်ဆိုင်မှုလုံးဝမရှိဘဲ DDT ဖြင့်သာ သက်ဆိုင်ကြောင်းနှင့် ပြည်သူများ စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။