Connect with us

Hi, what are you looking for?

သတင်း

ရာဇဝတ်မှုနဲ့ထောင်ကျသူအများအပြားလွတ်လာတဲ့စစ်ကောင်စီလွတ်ငြိမ်း

စစ်ကောင်စီ လွှတ်ပေးတဲ့ အကျဉ်းသား ၆၀၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသားဟာ လက်တစ်ဆုပ်စာ သာ ပါဝင်ပါတယ်။

ရာဇဝတ်မှုနဲ့ထောင်ကျသူအများအပြားလွတ်လာတဲ့စစ်ကောင်စီလွတ်ငြိမ်း
လရာဇဝတ်မှုနဲ့ထောင်ကျသူအများအပြားလွတ်လာတဲ့စစ်ကောင်စီလွတ်ငြိမ်း

ဒီနေ့မှာကျရောက်တဲ့ အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသားတွေကို လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါဝင်ပါတယ်။

စစ်ကောင်စီ လွှတ်ပေးတဲ့ အကျဉ်းသား ၆၀၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသားဟာ လက်တစ်ဆုပ်စာ သာ ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အဓိကဖမ်းဆီးထားတဲ့အင်းစိန်ထောင် မှာ ဒီနေ့ ညပိုင်း ၆ နာရီဝန်းကျင်ထိ ကား ၁၀ စီးကျော် နဲ့ အကျဉ်းသားတွေကို YBS ကားတွေနဲ့လွှတ်ပေးရာမှာ ပထမဦး ဆုံးကားက လွဲရင် ကျန်တဲ့ကားတွေမှာ ပါလာသူတွေဟာ ရာဇဝတ်မှုတွေ နဲ့ထောင်ကျနေသူတွေအများအပြားပါလာတာတွေ့ရပါတယ်။

အင်းစိန်ထောင်ကနေ ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီ ကျော်မှာ ပထမဆုံး ထွက်လာတဲ့ မီနီဘတ်စ်ကားပေါ်မှာတော့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး ၊ ရွှေညဝါဆရာတော် ၊ စာရေးဆရာ မောင်သာချို ၊ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် နဲ့ NLD ပါတီဝင် ၂ ဦးပါဝင်လာပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်ပိုင်း ထွက်လာတဲ့ ကားတွေမှာတော့ နိုင်ငံရေးအကျဉ်းသားမပါတာကိုမေးမြန်းစုံစမ်းမှုအရသိရပါတယ်။

ဒါကြောင့် အင်းစိန်ထောင်ရှေ့ မိုးရေတွေထဲမှာ နိုင်ကျဉ်းတွေကို လာရောက်ကြိုဆိုကြတဲ့ မိသားစုဝင်အချို့က စစ်ကောင်စီဟာ လွတ်ငြိမ်းပေးရာမှာ ဂျင်းထည့်တယ်လို့ အချင်းချင်းပြောဆိုကြပါတယ်။

” ရှေ့ကားမှာ ဂေါင်တွေပါပြီးနောက်ကားတွေမှာ ဂျင်းထည့်တာ ” လို့ မိသားစုဝင်နိုင်ကျဉ်း ကိုလာရောက်စောင့်ဆိုင်းတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီက ခိုးဆိုး၊လုနှိုက်တွေ လွှတ်လိုက်တာကြောင့် အရင်ကထက်ပိုသတိထားရမယ်လို့လည်း ပြောဆိုသံတွေကိုကြားရပါတယ်။

အင်းစိန်ထောင်အပြင် အခြားသော ထောင်တွေကနေ လွတ်မြောက်လာသူတွေထဲမှာလည်း နိုင်ကျဉ်းအနည်းကျဉ်းသာပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။