Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကုန်းသာရွာတွင် စစ်​ကောင်စီတပ်ကားကိုမိုင်းဆွဲပြီး စခန်းချရာ​နေရာကို ကရင်နီပူး​ပေါင်းတပ်များတိုက်ခိုက်

နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီခန့်ကကရင်နီတပ်ပေါင်းစု ထောင်ထားသည့်ကားမိုင်းသည် စစ်ကောင်စီတပ်ကားကိုတည့်တည့်ထိမှန်ပေါက်ကွဲခဲ့သည်ဟုသိရသည်။

(KRU တပ်ဖွဲ့ဝင်အချို့ကို ​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-KRU)
(KRU တပ်ဖွဲ့ဝင်အချို့ကို ​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-KRU)

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တပ်စွဲထားသည့် နေရာကိုပါ ကရင်နီ​ပူး​ပေါင်းတပ်များက ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၏ ဒုတပ်ရင်းမှူး Phoenix က ပြော သည်။

နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီခန့်ကကရင်နီတပ်ပေါင်းစု ထောင်ထားသည့်ကားမိုင်းသည် စစ်ကောင်စီတပ်ကားကိုတည့်တည့်ထိမှန်ပေါက်ကွဲခဲ့သည်ဟုသိရသည်။

“ကားတစ်စီးလုံးရစရာမရှိအောင် ဖြစ်သွားတယ်။မိုင်းကွဲပြီးကတည်းကတက်ဖို့တစ်ညလုံးကြိုးစားတယ်။မနက်မိုးလင်းတော့ဝင်ပြီးနေ့လယ်လောက်မှစတိုက်တာပါ”ဟုအထက်ပါတာဝန်ရှိသူက ဆက်​ပြောသည်။

စစ်​ကောင်စီတပ်ကားမိုင်းထိပြီး​နောက် စစ်တပ်က ယမန်​နေ့နံနက် ၆ နာရီမှစ၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ယမန်​နေ့ (နိုဝင်ဘာ ၁၇) ​နေ့ခင်းပိုင်းတွင်စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ကရင်နီပူး​ပေါင်းတပ်များက RPG များဖြင့်ပါထိထိ​ရောက်​ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။ စစ်​ကောင်စီတပ်ကားကိုမိုင်းဆွဲ တိုက်ခိုက်မှုနှင့် စခန်းချရာ​နေရာကို တိုက်ခိုက်မှုတို့တွင် စစ်သားများ​သေဆုံးထိခိုက်မှုများနိုင်​ပြီး ​သေဆုံးဒဏ်ရာရသူအ​ရေအတွက်ကို အတည်မပြုနိုင်​​သေးကြောင်း သိရသည်။ကရင်နီတပ်ပေါင်းစုမှ အထိအခိုက်အကျဆုံးမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့​ကြောင်းလည်း KRU ဒုတပ်ရင်းမှူးက​ပြောသည်။

ကုန်းသာကျေးရွာစစ်ဆင်ရေးတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF ၊ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ KRU တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်လွယ်နန်းဖကျေးရွာ မှကုန်းသာ ကျေးရွာအထိနယ်မြေစိုးမိုးမှုရယူထားပြီး အင်အား ၂၀၀ ခန့်ဖြင့်တပ်စွဲထားကြောင်းသိရသည်။

“ကရင်နီကပြည်သူတွေကတော့ တိုက်ပွဲက ရိုးနေပြီမို့ ပြည်မဘက်ကပြည်သူတွေကို အားလုံးနဲ့သက်ဆိုင်တဲ့တော်လှန်ရေးမို့ သွေးမအေးစေချင်ပါဘူး။နိုင်တဲ့တာဝန်ထမ်းစေချင်ပါတယ်”ဟု ဒုတပ်ရင်းမှူး Phoenix က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။