Connect with us

Hi, what are you looking for?

သတင်း

ကုန်းသာရွာတွင် စစ်​ကောင်စီတပ်ကားကိုမိုင်းဆွဲပြီး စခန်းချရာ​နေရာကို ကရင်နီပူး​ပေါင်းတပ်များတိုက်ခိုက်

နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီခန့်ကကရင်နီတပ်ပေါင်းစု ထောင်ထားသည့်ကားမိုင်းသည် စစ်ကောင်စီတပ်ကားကိုတည့်တည့်ထိမှန်ပေါက်ကွဲခဲ့သည်ဟုသိရသည်။

(KRU တပ်ဖွဲ့ဝင်အချို့ကို ​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-KRU)
(KRU တပ်ဖွဲ့ဝင်အချို့ကို ​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-KRU)

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တပ်စွဲထားသည့် နေရာကိုပါ ကရင်နီ​ပူး​ပေါင်းတပ်များက ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၏ ဒုတပ်ရင်းမှူး Phoenix က ပြော သည်။

နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီခန့်ကကရင်နီတပ်ပေါင်းစု ထောင်ထားသည့်ကားမိုင်းသည် စစ်ကောင်စီတပ်ကားကိုတည့်တည့်ထိမှန်ပေါက်ကွဲခဲ့သည်ဟုသိရသည်။

“ကားတစ်စီးလုံးရစရာမရှိအောင် ဖြစ်သွားတယ်။မိုင်းကွဲပြီးကတည်းကတက်ဖို့တစ်ညလုံးကြိုးစားတယ်။မနက်မိုးလင်းတော့ဝင်ပြီးနေ့လယ်လောက်မှစတိုက်တာပါ”ဟုအထက်ပါတာဝန်ရှိသူက ဆက်​ပြောသည်။

စစ်​ကောင်စီတပ်ကားမိုင်းထိပြီး​နောက် စစ်တပ်က ယမန်​နေ့နံနက် ၆ နာရီမှစ၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ယမန်​နေ့ (နိုဝင်ဘာ ၁၇) ​နေ့ခင်းပိုင်းတွင်စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ကရင်နီပူး​ပေါင်းတပ်များက RPG များဖြင့်ပါထိထိ​ရောက်​ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။ စစ်​ကောင်စီတပ်ကားကိုမိုင်းဆွဲ တိုက်ခိုက်မှုနှင့် စခန်းချရာ​နေရာကို တိုက်ခိုက်မှုတို့တွင် စစ်သားများ​သေဆုံးထိခိုက်မှုများနိုင်​ပြီး ​သေဆုံးဒဏ်ရာရသူအ​ရေအတွက်ကို အတည်မပြုနိုင်​​သေးကြောင်း သိရသည်။ကရင်နီတပ်ပေါင်းစုမှ အထိအခိုက်အကျဆုံးမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့​ကြောင်းလည်း KRU ဒုတပ်ရင်းမှူးက​ပြောသည်။

ကုန်းသာကျေးရွာစစ်ဆင်ရေးတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF ၊ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ KRU တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်လွယ်နန်းဖကျေးရွာ မှကုန်းသာ ကျေးရွာအထိနယ်မြေစိုးမိုးမှုရယူထားပြီး အင်အား ၂၀၀ ခန့်ဖြင့်တပ်စွဲထားကြောင်းသိရသည်။

“ကရင်နီကပြည်သူတွေကတော့ တိုက်ပွဲက ရိုးနေပြီမို့ ပြည်မဘက်ကပြည်သူတွေကို အားလုံးနဲ့သက်ဆိုင်တဲ့တော်လှန်ရေးမို့ သွေးမအေးစေချင်ပါဘူး။နိုင်တဲ့တာဝန်ထမ်းစေချင်ပါတယ်”ဟု ဒုတပ်ရင်းမှူး Phoenix က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Facebook