Connect with us

Hi, what are you looking for?

သတင်း

မုံရွာ(နမခ)မှထွက်လာသော မိုင်းရှာစစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

တိုက်ခိုက်မှုကြောင့် မိုင်းရှင်းလာသော စစ်ကောင်စီတပ်သားများ ထိခိုက်မှုအများပြားရှိခဲ့ပြီး လူနာတင်ကား သုံးစီးဖြင့် ထိခိုက်ဒဏ်ရာရသူ များအား လာရောက်သယ်​ဆောင်သွားသည်ဟုဆိုသည်။

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj
မုံရွာ-မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ မိုင်းရှင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine People’s Defence Force (အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာ)၏ တာဝန်ခံက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၉ရက်)နံနက်၉နာရီမှ ၉နာရီခွဲကြားတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ-န.မ.ခ)မှ မုံရွာ-ချောင်းဦး လမ်းပိုင်းသို့ မိုင်းရှင်းလင်းရေး လုပ်ရန်လာသောစစ်ကောင်စီစစ်ကြောင်းအား မင်းရွာကျေးရွာအရောက်တွင် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine People’s Defence Force အဖွဲ့တာဝန်ခံက ပြောသည်။

“စစ်ကိုင်းက ​ွေးကား၁၀စင်း လာမယ်ပြောတယ်။အဲ့အတွက်မိုင်းရှင်းတာဖြစ်မှာ။ ​အင်အားကတော့ ခြေလျင်စုစုပေါင်းက၃၀ကျော်လောက်နဲ့ သံပြားကာ ကားနှစ်စီး စုစုပေါင်း အင်အားက၅၀ ကျော်၆၀ အနည်းဆုံးရှိမယ်ဗျ။”ဟု Monywa Peregrine People’s Defence Force အဖွဲ့တာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် မိုင်းရှင်းလာသော စစ်ကောင်စီတပ်သားများ ထိခိုက်မှုအများပြားရှိခဲ့ပြီး လူနာတင်ကား သုံးစီးဖြင့် ထိခိုက်ဒဏ်ရာရသူ များအား လာရောက်သယ်​ဆောင်သွားသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား Monywa Peregrine PDF၊ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ GenerationZ People’s Defence Forces Monywa၊ လင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Genration Z People Defence Force၊ မုံရွာခရိုင်တပ်ရင်း-၁ MPDF ပ.က.ဖအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာ-မန္တလေးလမ်းပိုင်းနှင့် မုံရွာ-ချောင်းဦး-ပခုက္ကူလမ်းပိုင်းများအား ယနေ့နံနက်ပိုင်းကစတင်ကာ သွားလာခြင်းမပြုရန် ဒေသတွင်း PDFများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။