Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို အမေရိကန်အစိုးရပြစ်တင်ရှုတ်ချ

ဒါအပြင်အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းကိုလည်း ကန်ဒုသမ္မတက ထိုင်းဝန်ကြီးချုပ်ကိုထပ်လောင်းအသိပေးခဲ့တယ်လို့သိရပါတယ်။

Photo- Thai PBS
Photo- Thai PBS

အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမေရိကန်ဒုသမ္မတ ကင်မလာဟဲရစ်က ရှုတ်ချလိုက်ပါတယ်။

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ကန်ဒုသမ္မတဟာ ထိုင်းဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံရာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေကြောင်း နဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက်ခံမှုကို အလေး ထား ကြောင်း ထိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့လို့ အိမ်ဖြူတော်က မနေ့က ထုတ်ပြန်ပါတယ်။

ဒါအပြင်အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းကိုလည်း ကန်ဒုသမ္မတက ထိုင်းဝန်ကြီးချုပ်ကိုထပ်လောင်းအသိပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတွေ့ဆုံမှုမှာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အမေရိကန်အစိုးရက ရှုတ်ချ ခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာရှ − ပစိဖိတ်နိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို လာတက်တဲ့ ကန်ဒုသမ္မတဟာ ဖိလစ်ပိုင်နိုင်ငံကိုလည်းသွားရောက်ဦးမှာပါ။

ဖိလစ်ပိုင်ခရီးစဉ်မှာလည်းမြန်မာ့အရေးကိုထည့်သွင်းဆွေးနွေးမယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook