Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို အမေရိကန်အစိုးရပြစ်တင်ရှုတ်ချ

ဒါအပြင်အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းကိုလည်း ကန်ဒုသမ္မတက ထိုင်းဝန်ကြီးချုပ်ကိုထပ်လောင်းအသိပေးခဲ့တယ်လို့သိရပါတယ်။

Photo- Thai PBS
Photo- Thai PBS

အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမေရိကန်ဒုသမ္မတ ကင်မလာဟဲရစ်က ရှုတ်ချလိုက်ပါတယ်။

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ကန်ဒုသမ္မတဟာ ထိုင်းဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံရာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေကြောင်း နဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက်ခံမှုကို အလေး ထား ကြောင်း ထိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့လို့ အိမ်ဖြူတော်က မနေ့က ထုတ်ပြန်ပါတယ်။

ဒါအပြင်အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းကိုလည်း ကန်ဒုသမ္မတက ထိုင်းဝန်ကြီးချုပ်ကိုထပ်လောင်းအသိပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတွေ့ဆုံမှုမှာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အမေရိကန်အစိုးရက ရှုတ်ချ ခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာရှ − ပစိဖိတ်နိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို လာတက်တဲ့ ကန်ဒုသမ္မတဟာ ဖိလစ်ပိုင်နိုင်ငံကိုလည်းသွားရောက်ဦးမှာပါ။

ဖိလစ်ပိုင်ခရီးစဉ်မှာလည်းမြန်မာ့အရေးကိုထည့်သွင်းဆွေးနွေးမယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။