Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်အား ပိုမိုထိရောက်စွာတော်လှန်နိုင်ရန် ADFနှင့် ယောတော်လှန်ရေးတပ် -YRA ပူးပေါင်း

ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)အနေဖြင့် ၎င်းပူးပေါင်းမှုအားဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ပိုမိုထိရောက်စွာ စွမ်းဆောင်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဟု ကတိပြုသည်။

(ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
(ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

မကွေးတိုင်း ထီးလင်းမြို့နယ် ညီညွတ်ရေးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်အား ပိုမိုထိရောက်စွာတော်လှန်နိုင်ရန် Asia Defence Force (ADF)နှင့် ပူးပေါင်းလိုက်ကြောင်း ယောတော်လှန်ရေးတပ် -YRA မှ တာဝန်ရှိသူက ပြောသည်။ ယနေ့(နိုဝင်ဘာ ၂၁ ရက်)တွင် ထုတ်ပြန်သည်။

“ထီးလင်းမြို့တည်းမှာပဲ ကျစ်ကျစ်လစ်လစ်ခိုင်ခိုင် မာမာရှိတဲ့ တပ်ဖွဲ့တစ်ခုဖြစ်လာစေဖို့အတွက် ရည်ရွယ်တယ်။အဲဒါကို ကျွန်တော်တို့ ချမှတ်ထားတဲ့ လမ်းကြောင်းကို ထီးလင်းမြို့နယ်တွင်းမှာရှိတဲ့ Asia Defence Force(ADF)တပ်ဖွဲ့ကလည်း လက်ခံတယ်။အဲဒါကြောင့် ကျွန်တော်တို့ နဲ့ ပူးပေါင်းဖို့ သူတို့တပ်ဖွဲ့ကို ဖျက်သိမ်းပြီး ကျွန် တော်တို့နဲ့ ပေါင်းစည်းလိုက်တာပါ”ဟု YRA တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လမ်းစဥ် အတိုင်းရှေ့ဆက်တိုက်ပွဲဝင်မည်ဟုလည်း ၎င်းက အသိပေးသည်။

YRA နှင့် ပူးပေါင်းလိုက်သည့် Asia Defence Force(ADF)တပ်ဖွဲ့သည် ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ထီးလင်း​မြို့နယ်ကာကွယ်ရေးတပ် ဖွဲ့ တစ်ခုအနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် စစ်ကောင်စီကို တော်လှန်နေသည့် အဖွဲ့ခွဲတစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)အနေဖြင့် ၎င်းပူးပေါင်းမှုအားဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ပိုမိုထိရောက်စွာ စွမ်းဆောင်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဟု ကတိပြုသည်။

လက်ရှိ ယောဒေသထီးလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မြို့၏အရှေ့ဘက်ခြမ်းသို့ အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook