Connect with us

Hi, what are you looking for?

သတင်း

တောင်ကလေးရဲစခန်းနှင့် ကဒါရဲစခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

သိမ်းဆည်းရမိ​သောလက်နက်များတွင် လက်နက်ကြီးတစ်လက် ၊စက်လက်များ အပါအဝင် လက်နက်ငယ်များပါရှိသည်ကို သတင်းဓါတ်ပုံများအရသိရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ ။ဓါတ်ပုံ-​ CJ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ ။ဓါတ်ပုံ-​ CJ)

▪️စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်းသေဆုံး၊ လက်နက်မျိုးစုံ ၁၀လက်နှင့် ကျည်၊ ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းနှင့် ကဒါရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့များက ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၏ သတင်းကို အခြေခံပြီး သိရသည်။

နိုဝင်ဘာ ၂၁ရက် နံနက်ပိုင်းမှစ၍ စစ်ကောင်စီရဲစခန်းများရှိ စစ်​ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် တုံ့ပြန်ခဲ့သည့်အပြင် အရပ်သားများ နေထိုင်ရာရွာများကိုပါ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

“အရပ်သား ဆယ်ဦး ကျော်ထိမှန် အိမ်ခြေဆယ် လုံးကျော်ထိမှန်ပျက်စီး ဒါက လေကြောင်းပစ်ခက်မှုနှင့် အမြှောက်ပစ်ခက်မှုများကြောင့်ပါ။ စခန်းသိမ်း ရရှိခဲ့မှုများကတော့ အလောင်းဆယ်လောင်း၊ (၆၀)မမ တစ်လက်၊ လက်နက်ငယ် ၉ လက်၊ ကျည် ၁၀၀၀ကျော်။ ယခုချိန်ထိ စကစ က ရဲတွေထဲ နေရာယူထား လက်နက်ကြီးဖြစ် ဆက်လက်ပစ်ခက်နေ”ဟု ပကဖက ထုတ်ပြန်သည့် သတင်းအပေါ် အခြေခံပြီး ထပ်မံသိရှိရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ ။ဓါတ်ပုံ-​ CJ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ ။ဓါတ်ပုံ-​ CJ)

သိမ်းဆည်းရမိ​သောလက်နက်များတွင် လက်နက်ကြီးတစ်လက် ၊စက်လက်များ အပါအဝင် လက်နက်ငယ်များပါရှိသည်ကို သတင်းဓါတ်ပုံများအရသိရသည်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်သွား ကြသူများကို နေအိမ်၌ပြန်မနေပါက နေအိမ် မီးရှို့ပစ်မည်ဟု ကြိမ်းဝါးနေဟုဆိုသည်။

တောင်ကလေးဒေသခံတစ်ဦးကလည်း ယနေ့နံနက်တိုက်ခိုက်မှုကြောင့် ရဲများသေဆုံးမှုရှိပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု ပြောသည်။

Public Service Announcement
Public Service Announcement

“မနက် ၅နာရီက စပစ်တာ။ ၅နာရီကနေ ၁၁နာရီကျော်ကျော်လောက်ထိပေါ့။ အခုကတော့ အခြေအနေက ဘယ်လိုဆိုတာ အသေအချာမသိရသေးဘူး။ အခုတော့တစ်ချက် တစ်ချက် ထပစ်နေတုန်းပဲ။ လူထုထိတာက လောလောဆယ် ၃၊၄ယောက်ရှိပြီ ဆုံးတာ။ ထိခိုက်တာတွေကတော့ အများကြီးပဲ။ ရဲတွေဘက်ကလည်းဆုံးတာရှိတယ်”ဟု တောင်ကလေး ဒေသခံက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်(ပအဖ)၏ ထုတ်ပြန်ချက်တွင် တောင်ကလေး ရဲစခန်းအား တော်လှန်ရေး တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်ခိုက်ရေးလေယာဉ်များ ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း၊ မုဒုံမြို့နယ် ခုနစ်ခွေတောင်ခြေရင်းရှိ အမြောက်တပ်ကလည်း ကျေးရွာများသို့အမြောက်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ကျိုက်မရောမြို့နယ် ကြံတောကျေးရွာ ကြာအင်းကွေ့၌ အမြောက်တင်သံချပ်ကာယာဉ်နှစ်စီးအထိုင်ချ၍ ပတ်ပတ်လည်ကျေးရွာများသို့ ပစ်ခတ်နေကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။