Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြန်မာ့စီးပွားရေးဘဏ်ရှိ စစ်အုပ်စု ဝိုင်းဖွဲ့အရက်သောက်နေစဥ် ဗုံးထုတိုက်ခိုက်ခံရ

၎င်းတို့မှာ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ စာသင် ကျောင်းတွင် တပ်စွဲထားသော စစ်အုပ်စုက ၁၅ ချက်ခန့် ပစ်ခတ်သံကြားသည်ဟု ကိုသက်ကြီးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်ပစ်ဗုံးအား တွေ့ရစဥ်၊ဓာတ်ပုံ- Zero
ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်ပစ်ဗုံးအား တွေ့ရစဥ်၊ဓာတ်ပုံ- Zero

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝိုင်းဖွဲ့အရက်သောက်နေစဥ် လက်ပစ်ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၂၂ ရက်)ည ၇ နာရီ ၃၅မိနစ်ခန့်က မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သား ခုနစ်ဦးဝိုင်းဖွဲ့အရက်သောက်နေစဉ် လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်တိုက်ခိုက်ခဲ့ရာ အရက်ဝိုင်းအတွင်းကျရောက်ပေါက် ကွဲခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရသည်ဟု သတင်းရကြောင်း ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် က ဆိုသည်။

Public Service Announcement
Public Service Announcement

၎င်းတို့မှာ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ စာသင် ကျောင်းတွင် တပ်စွဲထားသော စစ်အုပ်စုက ၁၅ ချက်ခန့် ပစ်ခတ်သံကြားသည်ဟု ကိုသက်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ တိုက်ပွဲများဆက်လက်ဖော်ဆောင် သွားပါ့မယ်။”ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ထို့အပြင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်း စစ်ဆင်ရေးကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ရင်း -၇ မြင်းခြံခရိုင်နှင့် TRUE Fighter အဖွဲ့ တပ်ခွဲ (၃) တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်များသည် ယခုလဆန်းပိုင်းကလည်း တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook